THN Public Media Blog သတင်း သဘာဝပတ်ဝန်းကျင် ဂျပန်အရှေ့မြောက် ကမ်းလွန်မှာ ၇.၅ အဆင့်ရှိ ငလျင်လှုပ်၊ လူ ၃၀ ကျော် ဒဏ်ရာရ
သဘာဝပတ်ဝန်းကျင်

ဂျပန်အရှေ့မြောက် ကမ်းလွန်မှာ ၇.၅ အဆင့်ရှိ ငလျင်လှုပ်၊ လူ ၃၀ ကျော် ဒဏ်ရာရ

A collapsed road is pictured in Tohoku in Aomori Prefecture, northeastern Japan, on Dec. 9, 2025, following a strong earthquake the previous night. (Photo by Kyodo News via Getty Images

ဒီဇင်ဘာ ၉ – ၂၀၂၅

ပြင်းအား ၇.၅ ငလျင်တခု မနေ့ တနင်္လာနေ့ညက ဂျပန်အရှေ့မြောက်ပိုင်းကို လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ လူထောင်ပေါင်းများစွာကို နေအိမ်တွေကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရပါတယ်။

မနေ့ည ည ၁၁ နာရီ ၁၅ မိနစ် အချိန် အာအိုမိုရီဒေသ ကမ်းရိုးတန်း ကနေ ၈၀ ကီလိုမီတာခန့် အကွာ မြေအောက် အနက် (၃၁ မိုင်) မှာ လှုပ်ခတ်ခဲ့တဖြစ်တယ်လို့ ဂျပန် မိုးလေဝသ အေဂျင်စီက ပြောကြားပါတယ်။

ငလျင်ကြောင့် ၂ ပေကျော် အမြင့် ဆူနာမီ လှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ ပေမယ့် အခုတော့ ပြန်ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ရထားလမ်း ပြေးဆွဲမှု တချို့ကို ရပ်ဆိုင်းခဲ့ရပြီး အိမ်ထောင်စု ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပါတယ်။

အာဏာပိုင်တွေက လာမယ့် ရက်တွေ အတွင်း ပိုမိုပြင်းထန်တဲ့ ငလျင် ထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးထားပြီး၊ အများပြည်သူ အနေနဲ့ အနည်းဆုံး တပတ်လောက် အထူးသတိထား စောင့်ကြည့် ဖို့ တိုက်တွန်းထားပါတယ်။

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version