သဘာဝ နဲ့ ပေါင်းကူးတံတား (သို့) ဆာ ဒေးဗစ် အက်တန်ဘာရာ – နှစ် ၁၀၀ ပြည့်မွေးနေ့
မေလ ၅ – ၂၀၂၆ ချစ်ခင်လေးစားရတဲ့ သဘာဝသမိုင်းပညာရှင်၊ BBC ရဲ့ သဘာဝ ပတ်ဝန်းကျင် ရုပ်သံတင်ဆက်သူ ဆာ ဒေးဗစ် အက်တန်ဘရာ ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် လန်ဒန်မြို့ရဲ့ နာမည်ကျော် အထင်ကရ နေရာ တခုမှာ မွေးနေ့ဆုတောင်း စကားတွေကို ပြသပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ လန်ဒန်မြို့လယ် က နာမည်ကြီး Piccadilly Circus မှာ ဧရာမ ဒစ်ဂျစ်တယ် ကြော်ငြာ ဆိုင်းဘုတ်ကြီးမှာ ဒေးဗစ် အက်တန်ဘရော့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် သူ့အကြောင်း ဂုဏ်ပြုစကားတွေကို ပြသထားပါတယ်။ ဒီဂုဏ်ပြုချက်ကို တနေကုန် ပြသသွားမှာဖြစ်ပြီး ဆာ
