THN Public Media Blog သတင်း နိုင်ငံရေး စစ်ကိုင်း ကြားကာလ အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်
နိုင်ငံရေး ပြည်တွင်း

စစ်ကိုင်း ကြားကာလ အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်

Screenshot

ဒီဇင်ဘာ ၂၃ – ၂၀၂၅

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်တွေကို တာဝန်တွေ ပေးအပ်လိုက်ပြီလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၆၉) အရ အခုလို ခန့်အပ် လိုက်တာ လို့ ဖေါပြထားပါတယ်။

ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေ ကတော့

(၁) ဒေါက်တာအောင်နေဝင်း ဒုတိယဝန်ကြီးချုပ် ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့

(၂) ဦးကိုကိုအောင် ဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန

(၃) ဦးမိုးမင်းဝင်း ဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန

(၄) ဦးခန့်ဝေဖြိုး ဝန်ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(၅) ဒေါက်တာတင်အောင်မိုး ဝန်ကြီး ပညာရေးဝန်ကြီးဌာန

(၆) ဒေါက်တာမြင့်အောင် ဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန

(၇) ဦးတိုးဝေအောင် ဝန်ကြီး လူသားချင်းစာနာကူညီရေး၊ ပြန်လည် ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ

စီမံခန့်ခွဲရေးဝန်ကြီးဌာန

(၈) ဦးသန်းလှိုင် ဝန်ကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန

(၉) ဦးဇင်မင်းထွန်း ဝန်ကြီး သစ်တောနှင့် သယံဇာတရေးရာ ဝန်ကြီးဌာန

(၁၀) ဦးဘွဲ့ဟုပ်ထန်း ဝန်ကြီး တိုင်းရင်းသားလူမျိုးစုရေးရာ ဝန်ကြီးဌာန

(၁၁) ဒေါ်ရတီအုန်း ဝန်ကြီး စည်ပင်သာယာရေးဝန်ကြီးဌာန

(၁၂) ဦးအောင်ချစ်ညို ရှေ့နေချုပ် ဖက်ဒရယ်ယူနစ်ရှေ့နေချုပ်ရုံး

စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော် တို့ဖြစ်ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version