ဧပြီ ၃၀ – ၂၀၂၆
ဆဋ္ဌသင်္ဂါယနာတင် (၇၀) ပြည့် အခမ်းအနား ကမ္ဘာအေး မဟာပါသဏ လိုင်ဂူတော်မှာ ဒီကနေ့ ကျင်းပခဲ့ရာ နှစ် ၇၀ ပြည့် မော်ကွန်းကျောက်စာကို သမ္မတသစ်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားကို သီတဂူဆရာတော် ကနေ ဦးစီး ကျင်းပခဲ့တာ ဖြစ်ပြီး လွှတ်တော် ဥက္ကဌတွေနဲ့ တပ်ချုပ်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
—————
ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း (ဝီကီပီးဒီးယား)
(၁) အကြောင်းခံ သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ်(၁၀ဝ)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
(၂) သာသနာနှစ် (၂၄၉၈) နှစ်
(၃) နေရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
(၄) ခေါင်းဆောင် ညောင်ရမ်းဆရာတော်အရှင်ရေဝတ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၅၀ဝ)
(၆) မင်း ဖဆပလ ဦးနု အစိုးရ
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် (၁၀ဝ)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက် လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
– ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀ဝ) တွင် ထေရဝါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊
– ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်း ရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
– ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီ ဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာ နိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေး ပါလှပေသည်။
—————————
THN Public Media
