ဧပြီ ၃၀ – ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PDF တပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်ကနေ ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ပြန်လည် ထိန်းချုပ် လိုက်တယ်လို့ သိရပါတယ် ။
အင်းတော်မြို့နဲ့ ခြောက်မိုင်လောက်သာ ဝေးတဲ့ နဘားလမ်းဆုံကို ဧပြီ ၂၉ ရက်နေ့မှာ စစ်တပ်က ထိုးဖောက် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကြောင်းက အင်းတော်မြို့တွင်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ဟာ မြေပြင်စစ်ကြောင်း အပြင် လေကြောင်း ကနေလည်း ပစ်ကူ တိုက်ခိုက်ပေးတဲ့ အတွက် NUG ဘက်က တပ်ဆုတ်ပေးလိုက်ရတာ ကြောင့် စစ်တပ်ဟာ မြို့ထဲဝင်ရောက်ပြီး နေရာယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီ ၂၁ ရက်ကစပြီး စစ်တပ်စစ်ကြောင်းဟာ ကသာကနေ ထိုးစစ်ဆင် တိုက်ခိုက် လာတာဖြစ်ကြောင်း ၊ ကသာ – အင်းတော် လမ်းတလျှောက်မှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးတွေ လည်းရှိခဲ့ ကြောင်း၊ တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှု ၁၀ ရက်အကြာမှာ အင်းတော်ကို ပြန်လည်ရရှိသွားတာ ဖြစ်ပါတယ် ။
အင်းတော်မြို့ကို ၂၀၂၅ ဧပြီလ ၁၆ ရက်နေ့မှာ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ဒီမတိုင်ခင် နဘားလမ်းဆုံ ကိုတော့ ၂၀၂၄ ဩဂုတ်လ ၂၂ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
crd – VOM
—————————
THN Public Media
