ဖေဖော်ဝါရီလ ၂၈ – ၂၀၂၆
တော်လှန်ရေးဦးဆောင်မှု ခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့အကြား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည က တတိယ အကြိမ်မြောက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အဖြေရှာခဲ့ကြ ကြောင်း မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးမှာ
အားကောင်းခိုင်မာတဲ့ တော်လှန်ရေး ဦးဆောင်မှုတခု ပေါ်ပေါက်လာစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပြင်ဆင်ရေး ကော်မတီမှာ NUG ကိုယ်စားလှယ်တွေပါဝင်နိုင်ရေး၊
NUCC ပြုပြင်ပြောင်းလဲရေး၊
ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများ ဆိုင်ရာ အခြေခံဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ရေးနဲ့
NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြရာ ကောင်းမွန်တဲ့ သဘောတူညီမှုများရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
