THN Public Media Blog သတင်း နိုင်ငံရေး တော်လှန်ရေးဦးဆောင်မှု ခိုင်မာရေး NUCC/NUG တတိယအကြိမ် ဆွေးနွေး၊ ကောင်းမွန်တဲ့ သဘောတူညီမှုတွေ ရရှိ
နိုင်ငံရေး

တော်လှန်ရေးဦးဆောင်မှု ခိုင်မာရေး NUCC/NUG တတိယအကြိမ် ဆွေးနွေး၊ ကောင်းမွန်တဲ့ သဘောတူညီမှုတွေ ရရှိ

ဖေဖော်ဝါရီလ ၂၈ – ၂၀၂၆

တော်လှန်ရေးဦးဆောင်မှု ခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့အကြား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည က တတိယ အကြိမ်မြောက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အဖြေရှာခဲ့ကြ ကြောင်း မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးမှာ

အားကောင်းခိုင်မာတဲ့ တော်လှန်ရေး ဦးဆောင်မှုတခု ပေါ်ပေါက်လာစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပြင်ဆင်ရေး ကော်မတီမှာ NUG ကိုယ်စားလှယ်တွေပါဝင်နိုင်ရေး၊

NUCC ပြုပြင်ပြောင်းလဲရေး၊

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများ ဆိုင်ရာ အခြေခံဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ရေးနဲ့

NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြရာ ကောင်းမွန်တဲ့ သဘောတူညီမှုများရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version