THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့်ရဲ့ စစ်ပွဲမိန့်ခွန်း
နိုင်ငံတကာ

ထရမ့်ရဲ့ စစ်ပွဲမိန့်ခွန်း

ဖေဖေါ်ဝါရီ ၂၈ – ၂၀၂၆

အီရန်အစိုးရဟာ အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားပြီး မပြီးဆုံးနိုင်တဲ့ သွေးထွက်သံယိုမှုနဲ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲတွေ ကို လုပ်ဆောင်နေတယ်လို့ စွပ်စွဲရင်း၊ အမေရိကန်ဟာ အီရန်နိုင်ငံ အတွင်းမှာ “အဓိက တိုက်ခိုက်မှု စစ်ဆင်ရေးကြီးတွေ” ကို စတင်လိုက်ပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားကြောင်း သတင်းတွေထွက်ပေါ်လာပြီး မကြာခင်မှာပဲ၊ အမေရိကန်သမ္မတဟာ အမေရိကန်စံတော်ချိန် မနက်စောစောပိုင်းမှာ Truth Social ကနေ တစ်ဆင့် ဗီဒီယိုနဲ့ ၈ မိနစ်ကြာ စစ်ပွဲမိန့်ခွန်းတခု ထုတ်ပြန်ခဲ့ပါတယ်။

#ထရမ့်ဘာတွေပြောခဲ့လဲ

——————-

“အီရန်ဟာ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိစေရဘူး” လို့ အမေရိကန် သမ္မတက ပြောကြားခဲ့ပြီး၊ ဒါကြောင့်လည်း “Operation Midnight Hammer” (သန်းခေါင်ယံ ထုနှက်မယ့် စစ်ဆင်ရေး) က Fordow၊ Natanz နဲ့ Isfahan တို့မှာ ရှိတဲ့ အီရန်ရဲ့ နျူကလီးယား စီမံကိန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

အီရန်ဟာ နျူကလီးယား ရည်မှန်းချက်တွေ စွန့်လွှတ်ဖို့ အခွင့်အရေးတိုင်းကို ငြင်းပယ်ခဲ့ပြီး၊ ဥရောပက မဟာမိတ်တွေ၊ နိုင်ငံရပ်ခြားက အမေရိကန် တပ်ဖွဲ့တွေကို ခြိမ်းခြောက် နိုင်တဲ့ အပြင် မကြာခင်မှာအမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ ကို ဆက်လက် ထုတ်လုပ် နေတယ်လို့ ထရမ့်က ဆိုပါတယ်။

အမေရိကန်အနေနဲ့ အီရန်ရဲ့ ဒုံးကျည်စက်မှု လုပ်ငန်းတွေကို မြေလှန်ဖျက်ဆီးပစ်မှာ ဖြစ်သလို၊ အီရန် ရေတပ်ကိုလည်း အမြစ်ပြတ်ချေမှုန်း ပစ်မယ်လို့ သူက ပြောပါတယ်။

အီရန်အစိုးရဟာ “အမေရိကန် ကျရှုံးပါစေ” လို့ ၄၇ နှစ်တိုင်တိုင် ကြွေးကြော်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

“သတ္တိရှိတဲ့ အမေရိကန်သူရဲကောင်းတွေ အသက်ဆုံးရှုံးတာမျိုး ရှိနိုင်သလို၊ ကျွန်တော်တို့ဘက်မှာ အထိအခိုက် တွေလည်း ရှိလာနိုင်ပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

အီရန်ပြည်သူတွေကိုလည်း “မင်းတို့ရဲ့ လွတ်မြောက်မယ့် အချိန်ဟာ လက်တကမ်းအကွာကို ရောက်နေပြီ” လို့ ပြောကြားခဲ့ပြီး၊ အီရန်ပြည်သူတွေအနေနဲ့ အီရန်အစိုးရကို ပြန်သိမ်းပိုက်ဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version