နိုင်ငံရေး

ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ထိန်းသိမ်းခံရမှု ကိစ္စ အမှတ် ၃၃ ဗျူဟာမှူး ကိုဘိတ် ရှင်းလင်း

ဒီဇင်ဘာ ၁၈ – ၂၀၂၅

NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး မင်းသားကြီး အပါအဝင် အမှတ် ၃၃ ဗျူဟာမှူး ကိုဘိတ်(ခ)စောဒါးကို နဲ့ တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီး ထိန်းသိမ်း လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒါဟာနားလည်မှု လွဲမှားတာ ဖြစ်ပြီး ရဲဘောတွေ အားလုံး လက်နက်တွေနဲ့ အတူ မကြာခင် ပြန်ရောက်လာမှာ ဖြစ်တယ်လို့ ဗျူဟာမှူး ကိုဘိတ်(ခ)စောဒါးကို က သူ့ရဲ့ ဖေ့စ်ဘွတ် ကနေ အသိပေး ဖေါ်ပြထားပါတယ်။

ရှင်းပြချက်အပြည့်အစုံ

——————–

တော်လှန်မိဘပြည်သူများကို အသိပေးတင်ပြအပ်ပါသည်

ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု

အဆင်ပြေပါတယ် မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်

တွေ အားလုံး လက်နက်နဲ့အတူမိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ

ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်း

ဘဲ့ရှိပါတယ် ဒါကလည်းပြသာနာမဟုတ်ပါဘူး ခင်ဗျား..

တော်လှန်မိဘပြည်သူများနှင့်ရဲဘော်ရဲဘက်များကိုကျေးဇူးတင်ပါတယ်

တခုပြောချင်တာက စစ်အာဏာရှင်နဲ့စစ်လော်ဘီတွေအရမ်းဝမ်းသာမနေ

ပါနဲ့ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိ

တိုက်မှာမပူပါနဲ့…

#အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃

#ရဲဘော် စောဒါးကို (ကိုဘိတ်)

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *