‘’မရနိုင်ယူး ၅ ပြားမှ မရနိုင်ဘူး… တပါးမှကို မရနိုင်ဘူး…’’
ကိုစတီဗင်စန်းယု (အမေရိကန်)
မြန်မာ့အရေး အမေရိကန် အောက်လွှတ်တော်ကြားနားပွဲ တခုမှာ အပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ကိုယ်တိုင်တက်ရောက်ပြီး NLD အစိုးရလက်ထက်က အမေရိကန်ကို အပ်ထားတဲ့ အရန်ငွေ ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဒီငွေတွေကို အမေရိကန်က ထိန်းချုပ်ထား လိုက်တာ ဖြစ်ပါတယ်။
ဒီရန်ပုံငွေတွေပြန်ရရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အဆုံးသတ်ရေး လုပ်နိုင်စွမ်းကို အလျင်အမြန် အားကောင်းလာစေမှာဆိုပြီး ဦးအောင်ကြည်ညွန့် တောင်းဆိုမှု ဟာ
လက်ရှိ သမ္မတထရမ့် လက်ထက်မှာ လက်တွေ့ ဘယ်လောက် ဖြစ်လာနိုင် မလဲ…
ဒါ့အပြင် စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲ နဲ့ TPS အပါအဝင် တခြား ကိစ္စရပ်တွေ ကိုပါ ရှင်းလင်းတင်ပြ တောင်းဆိုခဲ့မှု တွေ ဟာ…
လွှတ်တော်က တဆင့် သမ္မတ ထရမ့်ကို ဘယ်လောက်အထိ ကိုင်လှုပ်စေနိုင်မလဲ…
စသဖြင့် မြန်မာ့ အရေး အောက်လွှတ်တော်ကြားနားပွဲ အကြောင်း အထူးသုံးသပ်ချက် အဖြစ် အမေရိကန်မှာ နေထိုင်တဲ့ ကိုစတီဗင်စန်းယုကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
