နိုင်ငံရေး

SRA တပ်ပေါင်းစုဖွဲ့ပြီးနောက် မျှော်လင့်ချက်အမှားတွေ မပေးဖို့၊ ချက်ခြင်းအောင်မြင်မှုရမယ်လို့ မထင်ဖို့ မောင်ဆောင်းခ ပြော

ဒီဇင်ဘာ ၁၈ – ၂၀၂၅

တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု SRA ကို ဖွဲ့စည်းပြီးနောက် အဖွဲ့ဝင် BPLA ခေါင်းဆောင် မောင်ဆောင်းခ က မျှော်လင့်ချက်အမှားတွေ မပေးဖို့၊ ချက်ခြင်းအောင်မြင်မှုရမယ်လို့ မထင်ဖို့ ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့က ဖေါ်ပြလိုက်တာ ဖြစ်ပြီး

‘’အမြော်အမြင်ရှိရှိ၊ ရင်ဘတ်ကျယ်ကျယ်၊ သဘောထားကြီးကြီး ထားနိုင် ကြရင် တပ်ပေါင်းစုက တကယ်ကို အောင်ပွဲခံနိုင်ပါလိမ့်မယ်။’’ လို့လည်း ရေးသားထားပါတယ်။

ရေးသားချက်အပြည့်အစုံ

———————–

အမြှော်အမြင်ရှိရှိ၊ ရင်ဘတ်ကျယ်ကျယ်၊ သဘောထားကြီးကြီးထားနိုင်ကြရင် တပ်ပေါင်းစုက တကယ်ကို အောင်ပွဲခံနိုင်ပါလိမ့်မယ်။ False Hope တွေ မပေးနဲ့၊ ချက်ချင်းကြီး အောင်မြင်မှုရမယ်ဆိုတာမျိုးလည်း မထင်မြင်ကြပါနဲ့။ ကျနော်တို့မူကတော့ ရအောင်စုမယ်၊ နိုင်အောင်တိုက်မယ်။ စစ်အနိုင်တိုက်ရေးလို့ပဲ ကြွေးကြော်ပြီး အခြားစံတန်ဖိုးတွေကို လစ်လျူရှုလိုက်မှာမျိုးလည်း မဖြစ်ရအောင် တပ်ပေါင်းစုအနေနဲ့ အပြန်အလှန်ထိန်းကျောင်းတည့်မတ်သွားကြရမယ်။ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိရမယ်။ မှားရင် ဝန်ခံပြီး အမြန်ဆုံးပြင်ရဲရမယ်။

ငါတို့မျိုးဆက်မှာ ဒီစစ်အုပ်စုကို မနိုင်စရာမရှိပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *