THN Public Media Blog သတင်း နိုင်ငံတကာ ထိုင်းနိုင်ငံက ရှီအာ မွတ်စလင်တွေ ကနေ ဘန်ကောက်မြို့ အီရန်သံရုံး ရှေ့မှာ ခါမေနီ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်၊ ထိုင်းအစိုးရ ကြားနေဖို့ တိုက်တွန်း
နိုင်ငံတကာ

ထိုင်းနိုင်ငံက ရှီအာ မွတ်စလင်တွေ ကနေ ဘန်ကောက်မြို့ အီရန်သံရုံး ရှေ့မှာ ခါမေနီ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်၊ ထိုင်းအစိုးရ ကြားနေဖို့ တိုက်တွန်း

မတ်လ ၈ – ၂၀၂၆

ထိုင်းနိုင်ငံမှာ ရှိတဲ့ ရှီအာ မွတ်ဆလင်တွေက ဘန်ကောက်မြို့ အီရန် သံရုံးရှေ့မှာ အီရန်စစ်ပွဲမှာ သေဆုံး သွားတဲ့ အီရန် အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ ခါမေနီ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ လူ ၂၀၀ လောက် ပါဝင်ခဲ့ပြီး သူတို့တွေက ထိုင်းနိုင်ငံ အစိုးရ အနေနဲ့ အီရန်စစ်ပွဲမှာ ကြားနေဖို့ကို တိုက်တွန်းသွားပါတယ်။

အခမ်းအနား ဦးဆောင်သူ အလီ ရှာဟူစိန်နီ က ထိုင်းနိုင်ငံရှိ ရှီအာ မွတ်ဆလင် တွေဟာ ခါမေနီကို အီရန်ခေါင်းဆောင် အဖြစ် သာမက ကမ္ဘာတစ်ဝန်း ရှီအာတွေရဲ့ ဝိညာဉ်ခေါင်းဆောင် အဖြစ် သတ်မှတ် ထားကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်ပြည်သူတွေနဲ့ အစိုးရ အပေါ် ထောက်ခံကြောင်း ပြသဖို့ အတွက်လည်း အခုလို အခမ်းအနား ကျင်းပခဲ့တာလို့ ပြောပါတယ်။

အခမ်းအနား အဆင်ပြေဖို့ အတွက် ရဲတပ်ဖွဲ့ကလည်း ဘန်ကောက် Soi Sukhumvit 49/11 လမ်းသွယ်က ယာဉ်ကြောကို တနာရီလောက် ပိတ်ထား ပေးခဲ့တယ်လို့ သိရပါတယ်။

The Nation

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version