THN Public Media Blog သတင်း သဘာဝပတ်ဝန်းကျင် ထိုင်းနိုင်ငံတောင်ပိုင်း Hat Yai မြို့မှာ ၁၅ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်နေ
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ထိုင်းနိုင်ငံတောင်ပိုင်း Hat Yai မြို့မှာ ၁၅ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်နေ

နိုဝင်ဘာ ၂၂ – ၂၀၂၅

ထိုင်းနိုင်ငံ တောင်းပိုင်း ဆုန်ခလာ (Songkhla) ခရိုင် ဟတ်ယိုင်မြို့နယ် (Hat Yai District) မှာ ရေကြီးရေလျှံမှု ဖြစ်နေတာကြောင့် ဒေသခံပြည်သူ အများ အပြား နေအိမ်တွေမှာ ပိတ်မိနေပြီး အစားအသောက်နဲ့ ရွှေ့ပြောင်း နေရာ ချထားရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ထိုင်းသတင်းမှာ ဖေါ်ပြထား ပါတယ်။

ဟတ်ယိုင်မြို့နယ်မှာ ၁၅ နှစ်အတွင်း အဆိုးဝါးဆုံး ရေကြီးမှု ဖြစ်ပြီး အရေးပေါ်ခိုလှုံဖို့ စခန်း ၅ ခု ဖွင့်လှစ်ထားပါတယ်။

ဒေသန္တရအဖွဲ့အစည်းတွေက ရေကြီးမှုအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့် နေပြီး ပြည်သူလူထုကို အချိန်နဲ့ တပြေးညီ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ref: The Reporters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version