ဖေဖေါ်ဝါရီ ၈ – ၂၀၂၆
ထိုင်းနိုင်ငံမှာ ဒီကနေ့ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပနေရာ ရွေးကောက်ပွဲ နယ်မြေတွေ အတွင်း အရက်သေစာ ရောင်းချမှုကို ဒီကနေ့ ပိတ်ပင်ထားပါတယ်။
မနေ့ ညနေ ၆ နာရီစလို့ ဒီကနေ့ ညနေ ၆ နာရီအထိ ရောင်းချတာ ဖြန့်ဖြူးတာ ဒါမှမဟုတ် တည်ခင်းဧည့်ခံတာတွေကို ပိတ်ပင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ထားတာ ဖြစ်ပါတယ်။
ဒီစည်းကမ်း ဖောက်ဖျက်တဲ့သူကို ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ခံရနိုင်ပါတယ်။
ဒီကနေ့ မဲပေးရမယ့် အချိန်ကတော့ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီ အထိ သတ်မှတ်ထားပါတယ်။
အခုလို အရက်သေစာ ပိတ်ပင်တာဟာ မဲဝယ်ယူမှု အန္တရာယ်တွေကို လျှော့ချဖို့နဲ့ ဆင်ခြင်တုံတရားမဲ့စွာ ဖြစ်လာနိုင်တဲ့ ရုန်းရင်း ဆန်ခတ် မှုတွေကို ကာကွယ်ဖို့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
—————————
THN Public Media
