THN Public Media Blog သတင်း နိုင်ငံရေး ဒလန်တွေ လွှဲပြောင်းပေးဖို့ နဲ့ မြင်းခြံကနေ PLA တပ်တွေ ထွက်ခွာဖို့ NUG ပြောဆို
နိုင်ငံရေး

ဒလန်တွေ လွှဲပြောင်းပေးဖို့ နဲ့ မြင်းခြံကနေ PLA တပ်တွေ ထွက်ခွာဖို့ NUG ပြောဆို

ဇွန် ၂၂ – ၂၀၂၆

မြင်းခြံခရိုင်မှာ PLA တပ်ဖွဲ့တွေကို NUG တပ်တွေက ဝင်ရောက် စီးနင်း မှုနဲ့ ပတ်သက်ပြီး PLA က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်ထဲမှာ ဒလန်တွေ လွှဲပြောင်းပေးဖို့ နဲ့ မြင်းခြံကနေ PLA တပ်တွေ ထွက်ခွာဖို့ အချက် ၂ ချက်ကို NUG က ပေးပို့လာကြောင်း ဖေါ်ပြထားပါတယ်။

NUG တပ်အင်အား ၅၀၀ လောက်နဲ့ တောင်သာမြို့နယ်ထဲဝင်လာပြီး PLA စခန်းတွေကို ပိတ်ဆို့ပြီး ထောက်ပို့ ရဲဘော် ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ရဲဘော်တဦးရဲ့ အစ်မ ဖြစ်သူကို ခြိမ်းခြောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

PLA တပ်ဖွဲ့တွေကို ထွက်ခွာခိုင်းတာကို လက်ခံနိုင်မှာ မဟုတ်ဘဲ PLA ဘက်လည်း စတင် ကျည်ဖေါက်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version