THN Public Media Blog သတင်း နိုင်ငံတကာ ဗြိတိန်ဝန်ကြီး ကီယာ စတာမာ ဝန်ကြီးချုပ်ရာထူးနဲ့ လေဘာပါတီ ခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ကြေညာ
နိုင်ငံတကာ

ဗြိတိန်ဝန်ကြီး ကီယာ စတာမာ ဝန်ကြီးချုပ်ရာထူးနဲ့ လေဘာပါတီ ခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်မယ်လို့ ကြေညာ

ဇွန် ၂၂ – ၂၀၂၆

ဒေါင်းနင်းလမ်း နံပါတ် ၁ဝ အပြင်ဘက်မှာ ကီယာ စတာမာ တယောက် ဝန်ကြီးချုပ်ရာ ထူးကနေ နုတ်ထွက်ကြောင်း ထုတ်ပြန်ချက်ကို ကြေညာ သွားခဲ့ပြီ ဖြစ်ပါတယ်။

သူ တာဝန်ယူခဲ့တဲ့ သက်တမ်းတလျှောက် ဆုံးဖြတ်ချက်တိုင်းဟာ “သူ အရမ်းချစ်ရတဲ့ တိုင်းပြည်ကို ဦးစားပေးဖို့” အတွက်ပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ဒေါင်းနင်းလမ်းပေါ်ကို လျှောက်လှမ်းခဲ့ရတဲ့ အချိန်ဟာ သူ့ဘဝရဲ့ အဂုဏ်ယူရဆုံး အခိုက်အတန့်ပါပဲလို့ သူက ပြောပါတယ်။

သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို ပိုကောင်းမွန်အောင် ပြောင်းလဲ ပေးနိုင်မယ့် အခွင့်အရေး အတွက် နိုင်ငံရေးထဲကို ဝင်ရောက်လာခဲ့တာ ပါလို့လည်း သူက ဆိုပါတယ်။

အဲဒီနောက်မှာတော့ စတာမာက ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ လေဘာပါတီ အာဏာ ရလာခဲ့တဲ့ ဖြတ်သန်းမှု ခရီးစဉ်ကို အကျဉ်းချုပ် ရှင်းလင်း ပြောကြားသွား ပါတယ်။

သူ့ရဲ့ပါတီက မေးခွန်းထုတ်နေကြတာ ကတော့ နောက်ထပ် အထွေထွေ ရွေးကောက်ပွဲမှာ ပါတီကို ဦးဆောင်ဖို့ သူဟာ အသင့်တော်ဆုံးပုဂ္ဂိုလ် ဟုတ်၊ မဟုတ် ဆိုတာပါပဲလို့ စတာမာက ပြောပါတယ်။

ဒီမေးခွန်းအပေါ် သူ့ပါတီရဲ့ “အဖြေကို သူ ကြားသိရပြီးပြီ” ဖြစ်ကြောင်းနဲ့ အဲဒီ အဖြေကိုလည်း “ကြည်ဖြူစွာနဲ့ပဲ လက်ခံပါတယ်” လို့ သူက ဆိုပါ တယ်။

“ကျွန်တော် လေဘာပါတီရဲ့ ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်မှာ ဖြစ်ပါတယ်” လို့လည်း သူက ပြောကြားသွားခဲ့ပါတယ်။

ဝန်ကြီးချုပ်နေရာကို ဆက်ခံနိုင်ခြေရှိတဲ့ Andy Burnham ကတော့ ပြီးခဲ့တဲ့ အပတ် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက်၊ Makerfield မဲဆန္ဒနယ်မြေရဲ့ အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ ဒီနေ့ပဲ ဝက်စ်မင်စတာ ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version