THN Public Media Blog သတင်း ပြည်တွင်း ဒေါက်တာအေးမောင် ဦးဆောင်တဲ့ AFP ပါတီက ရွေးကောက်ပွဲမှာ ၅ နေရာ အနိုင်ရ
ပြည်တွင်း

ဒေါက်တာအေးမောင် ဦးဆောင်တဲ့ AFP ပါတီက ရွေးကောက်ပွဲမှာ ၅ နေရာ အနိုင်ရ

ဇန်နဝါရီ ၅ – ၂၀၂၆

စစ်တပ်က ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲ ပထမပိုင်း မှာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ ( Arakan Front Party – AFP ) က ပြည်နယ်လွှတ်တော်အတွက် ၅ နေရာ အနိုင်ရရှိ ကြောင်း AFP က သတင်းထုတ်ပြန်ထားပါတယ်။

အနိုင်ရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကတော့

၁။ ဦးထွန်းဝင်း (FPTP) မာန်အောင်မြို့နယ်အမှတ်(၁)၊ ရခိုင့်ဦးဆောင်ပါတီ

၂။ ဦးတင်မောင်ဝင်း (PR) မဲဆန္ဒနယ် အမှတ်(၁)၊ ရခိုင့်ဦးဆောင်ပါတီ

၃။ ဦးအေးသာအောင် (PR) မဲဆန္ဒနယ် အမှတ်(၁)၊ ရခိုင့်ဦးဆောင်ပါတီ

၄။ ဦးအောင်စောသိန်း (PR) မဲဆန္ဒနယ် အမှတ်(၂)၊ ရခိုင့်ဦးဆောင်ပါတီ

၅။ ဦးသိန်းမြင့် (PR) မဲဆန္ဒနယ် အမှတ်(၂)၊ ရခိုင့်ဦးဆောင်ပါတီ တို့ ဖြစ်ကြောင်းသိရပါတယ်။

ဒေါက်တာ အေးမောင် ကတော့ အမျိုးသားလွှတ်‌တော် (FPTP) နေရာ အတွက် ဝင်ရောင် ယှဥ်ပြိုင်ပေမယ့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် ရွေးကောက်ပွဲ အပိုင်း ၁ မှာတင် ပြီးပြတ်သွားပြီ ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version