အမေရိကန် ဖမ်းဆီးလိုက်တဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရို နဲ့ သူ့ရဲ့ ဇနီး ဖြစ်သူတို့ကို Brooklyn ထိန်းသိမ်းရေး စင်တာ ကနေ နယူးယောက် မန်ဟက်တန် တရားရုံးကို ဒီကနေ့ မနက် လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါ တယ်။
သူတို့ ၂ ဦးကို လက်ထိပ် ခတ်ထားပြီး လက်နက်ကိုင် အရာရှိတွေ က ခြံရံ လိုက်ပါလာတာကို တွေ့ရပြီး တရားရုံးမှာ သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါး နဲ့ လက်နက်အမှုတွေ နဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။
တရုတ် နဲ့ အီရန် အပါအဝင် မာဒူရိုကို ထောက်ခံသူတွေနဲ့ မဟာမိတ်တွေက သူ့ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ကို တောင်းဆို နေကြပြီး ဘေဂျင်း ကတော့ ဝါရှင်တန်ရဲ့ လုပ်ရပ်တွေဟာ “နိုင်ငံတကာ ဥပဒေကို ရှင်းရှင်း လင်းလင်း ချိုးဖောက်တာ” ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဗင်နီဇွဲလားနိုင်ငံ ခေါင်းဆောင်သစ် Delcy Rodríguez ဟာ လွှတ်တော်ရှေ့မှာ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုဖို့ စီစဥ်ထားပါတယ်။
ကုလ သမဂ္ဂ လုံခြုံရေးကောာင်စီမှာ လည်း ဗင်နီဇွဲလား အရေးနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး စတင်နေပြီ ဖြစ်ပါတယ်။
—————————
THN Public Media
