အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း ဖြစ်သူတို့ကို အဂတိလိုက်စားမှု အပါအဝင် အချက် ၂၀ နဲ့ ရုံးဝန်ထမ်းတွေက တိုင်ကြားထားမှု စုံခုံ စစ်ဆေးမှုပြီးလို့ တလပြည့် ချိန်မှာ ဘာမှ အမိန့်ထုတ်ပြန်ခြင်း မရှိသေးပါ။
တချိန်တည်းမှာပဲ ဒေါ်ကြည်ပြာရဲ့ တန်ပြန်တိုင်ကြားမှု အပေါ် စုံခုံက စစ်ဆေးဖို့ ဝန်ထမ်းတွေကို ခေါ်ယူပေမယ့် ဝန်ထမ်းတွေကတော့ ဒေါ်ကြည်ပြာ အမှုကို အရင် အမိန့်ထုတ်ပြန်ပေးဖို့ တောင်းဆို ထားပါတယ်။
အခုလို အပြန်အလှန် တိုင်းကြားမှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တရားမျှတမှု ပေါ်ပေါက်ရေး ဥပဒေကြောင်းအရ ဘယ်လို ဆောင်ရွက် ရမယ်ဆိုတာကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media

