THN Public Media Blog သတင်း ပြည်တွင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး လက်လုပ်မိုင်း ဖေါက်ခွဲသူ ၂ ဦး ဖမ်းမိကြောင်း သတင်းထုတ်ပြန်
ပြည်တွင်း

ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး လက်လုပ်မိုင်း ဖေါက်ခွဲသူ ၂ ဦး ဖမ်းမိကြောင်း သတင်းထုတ်ပြန်

ဒီဇင်ဘာ ၂၅ – ၂၀၂၅ (ခရစ္စမတ်နေ့)

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဒီဇင်ဘာ ၂၁ ညဦးပိုင်း မှာ လက်လုပ်မိုင်း ဖေါက်ခွဲသူ ၂ ဦး ကို ဖမ်းဆီးမိကြောင်း MRTV က သတင်း ထုတ်ပြန် ထားပါတယ်။

ဖမ်းဆီးမိသူ ကြည်ကြည်ရွှေနဲ့ သားဖြစ်သူ ၂ ဦးကို သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးမိတာ လို့ ဆိုပါတယ်။

ကြည်ကြည်ရွှေဟာ ထောင်ကျနေတဲ့ သူ့ရဲ့ ခင်ပွန်း ဇော်လင်း ကို ထောင်ဝင်စာသွားတွေ့ ချိန်မှာ ဇော်လင်းရဲ့ ဆက်သွယ်ပေးမှုနဲ့ တယ်လီဂရမ်က တဆင့် ဒီအလုပ်ကို လုပ်ဖို့ ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။

လွတ်မြောက်နေတဲ့ ကိုလင်း ရဲ့ ခိုင်းစေချက်အရ လက်လုပ်ဗုံးကို ယူဆောင်ပြီး အခုလို ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ချထားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ကိုလင်းကို တယ်လီဂရမ်က ဆက်သွယ်လိုက်ပြီးနောက် ဗုံးကွဲသွားခဲ့တာ လို့ ဖေါ်ပြထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version