THN Public Media Blog သတင်း နိုင်ငံတကာ ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်တဲ့အထိ ကမ္ဘာမှာ ပထမဆုံး ချမ်းသာသူ အီလွန်မတ်စ် ဖြစ်လာ
နိုင်ငံတကာ သတင်း

ဒေါ်လာ ဘီလီယံ ၅၀၀ ပိုင်ဆိုင်တဲ့အထိ ကမ္ဘာမှာ ပထမဆုံး ချမ်းသာသူ အီလွန်မတ်စ် ဖြစ်လာ

အောက်တိုဘာ ၃ – ၂၀၂၅

Tesla လျှပ်စစ်ကား ကုမ္ပဏီ ပိုင်ရှင် ဘီလျံနာကြီး အီလွန်မတ်စ် ဟာ ထရီလီယံ တဝက် (ဒေါ်လာ ဘီလီယံ ၅၀၀) ကို ကမ္ဘာပေါ်မှာ ပထမဆုံး ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဒေါ်လာ ဘီလီယံ ၅၀၀ ကြွယ်ဝချမ်းသာသူ ခဏ ဖြစ်ခဲ့ပြီး အခုတော့ ဒေါ်လာ ၄၉၉ ဘီလီယံသို့ ပြန်ကျသွားခဲ့ပါတယ်။အီလွန်မတ်စ်ဟာ ဒေါ်လာ ထရီလီယံ ၁.၅ ကျော် တန်ဖိုးရှိတဲ့ Tesla ကုမ္ပဏီ ၁၂% ကို ပိုင်ဆိုင်ထားပြီး၊ လျှပ်စစ်ကား ရှယ်ယာဈေးနှုန်း မြင့်တက် လာတာ ကြောင့် သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှု ဟာ အခုနှစ်မှာ ထိုးတက်ခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်ကားဝယ်သူတွေ အတွက် အခွန်သက်သာခွင့် သက်တမ်း မကုန်မီ ဒီအခွင့်အရေး အကို အသုံးချပြီး Tesla ကားတွေ ဝယ်ယူခဲ့တာကြောင့် ဇူလိုင် ကနေ စက်တင်ဘာ ကာလ အတွင်း ကားစီးရေ ၄၉၇၀၉၉ စီး ရောင်းခဲ့ ရာတာကြောင့် ဒါဟာ ကြိုတင် ကြေညာ ထားတဲ့ ခန့်မှန်းချက် ထက် ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။၅၄ နှစ်အရွယ် မတ်စ်ဟာ တခြားစီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ SpaceX မှာ ဒေါ်လာ ဘီလီယံ ၄၀၀ တန်ဖိုးရရှိဖို့ ကြိုးပမ်းနေကြောင်းနဲ့ နောက်တခု ကတော့ ဒေါ်လာ ၇၅ ဘီလီယံ တန်ဖိုးရှိတဲ့ ဉာဏ်ရည်တု ကုမ္ပဏီ xAI တို့ ပါဝင်ပါတယ်။

ဒီနှစ် အစောပိုင်း Tesla ရှယ်ယာတွေ ကျဆင်းခဲ့ရတာဟာ တရုတ်ပြိုင်ဘက် တွေရဲ့ ယှဉ်ပြိုင်မှု ခြိမ်းခြောက်မှု၊ နောက်ပြီး ရောင်းအား ကျဆင်းမှု အပါအဝင် သူဟာ တခြား လုပ်ငန်းတွေမှာ အာရုံပျံ့လွင့်နေပြီး ဒေါ်နယ်လ် ထရမ့် နဲ့ ပြင်းထန်တဲ့ ဆက်ဆံရေးတွေကြောင့် ကုမ္ပဏီ အပေါ် အာရုံမစိုက်မှု သံသယတွေကြောင့် ဖြစ်ခဲ့ရတာပါ။မတ်စ်က ထရမ့်ကို ထောက်ခံကြောင်း ထုတ်ဖေါ် ပြောဆိုမှုတွေ နဲ့ သူပိုင်ဆိုင် တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X ကနေ လက်ယာ နိုင်ငံရေး အမြင်တွေကို ဖေါ်ပြမှုတွေကလည်း Tesla ရဲ့ ရောင်းအားကို ထိခိုက် စေခဲ့ ကြောင်း လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း မတ်စ်က သူရဲ့ ကုမ္ပဏီတွေ အပေါ် ပြန် အာရုံစိုက်ခဲ့တဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ ကလည်း စိတ်ဓာတ် ရေးရာ တိုးတက် ကောင်းမွန်လာပြီး ဒီနှစ်ထဲ Tesla ရှယ်ယာတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။၂၀၂၅ ခုနှစ် အစကတည်းက စတင်ရေတွက်မယ် ဆိုရင် အခုအချိန်မှာ ရှယ်ယာတွေဟာ ၁၃% မြင့်တက်နေပြီဖြစ်ပါတယ်။Tesla ဘုတ်အဖွဲ့ဥက္ကဋ္ဌ Robyn Denholm က မတ်စ်ဟာ အိမ်ဖြူတော်မှာ လ အတော်ကြာ နေထိုင်ခဲ့ပြီးနောက် အခုအခါ ကုမ္ပဏီမှာ “ရှေ့တန်းကနေ ဦးဆောင်နေသူ” အဖြစ် ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ လက ပြောကြားပါတယ်။

အဲဒီနောက် ရက်အနည်းငယ် အကြာမှာ အီလွန်မတ်စ်ဟာ Tesla အနာဂတ် အတွက် ကြီးမားတဲ့ ယုံကြည်စိတ်ချမှုကို ပြသတဲ့ အနေဖြင့် ဒေါ်လာ ၁ ဘီလီယံ ဖိုးခန့် ရှိတဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပြီး၊ ကုမ္ပဏီဟာ ကားထုတ်ရာ ကနေ AI နဲ့ စက်ရုပ် လုပ်ငန်း နယ်ပယ် ကို အလျင်အမြန် ကူးပြောင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လက Tesla ဘုတ်အဖွဲ့ဟာ မတ်စ်အတွက် ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လျော်ကြေး အစီအစဉ်ကို အဆိုပြုခဲ့ပြီး၊ CEO အတွက် ကြီးမားတဲ့ ငွေကြေး နဲ့ လုပ်ငန်း လည်ပတ်မှုဆိုင်ရာ ရန်မှန်းချက် ပန်းတိုင်တွေကို သတ်မှတ်ခဲ့ သလို၊ ကုမ္ပဏီမှာ မတ်စ်က ရှယ်ယာပမာဏ ပိုမိုလိုချင်တဲ့ တောင်းဆိုချက် တွေကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိပ်မှာရှိနေတဲ့ မတ်စ်ရဲ့ အချမ်းသာ ဆုံးနေရာ ဟာ ပြီးခဲ့တဲ့လ အတွင်း မတည်ငြိမ်ခဲ့ပါ။စက်တင်ဘာလမှာ Forbes ရဲ့ ပြိုင်ဘက်ဖြစ်သော Bloomberg ရဲ့ ဘီလီယံနာ အညွှန်းကိန်း အရ ဆော့ဖ်ဝဲကုမ္ပဏီ Oracle ကို ပူးတွဲ တည်ထောင်သူ လာရီ အဲလစ်ဆင် ဟာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် မတ်စ်ကို ခေတ္တကျော်တက်ခဲ့ပါတယ်။

Bloomberg စာရင်းမှာ အခုတော့ အီလွန်မတ်စ် ဟာ အဲလစ်ဆင် ထက် အများကြီး ရှေ့ရောက်နေပေမယ့် Tesla အကြီးအကဲရဲ့ ပိုင်ဆိုင်မှုကို ဒေါ်လာ ၄၇၀ ဘီလီယံဟု တွက်ချက်ထားပြီး အဲလစ်ဆင်ရဲ့ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၃၄၉ ဘီလီယံ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version