နိုင်ငံရေး ပြည်တွင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ကောင်းမွန်တဲ့ အရာတွေ လုပ်ပေးဖို့ စဥ်းစားနေတယ်လို့ဆို

ဧပြီ ၂၃ – ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူမ အတွက် “ကောင်းမွန်တဲ့အရာတွေ” လုပ်ဆောင် ပေးဖို့ မြန်မာ သမ္မတ သစ်က စဉ်းစား နေကြောင်း ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ မြန်မာသမ္မတသစ် နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တဲ့ ထိုင်းဒုဝန်ကြီးချုပ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အခုလို ပြောဆိုမှုဟာ မြန်မာနိုင်ငံ အနေနဲ့ ငါးနှစ်တာ ကာလအတွင်း အာဆီယံ အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ဖို့ ကြိုးစားနေချိန်မှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ ကိုတော့ စစ်ခေါင်းဆောင် အဖြစ်ကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း သံတမန် Sihasak Phuangketkeow တို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ ကြပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံ ၁၁ နိုင်ငံရဲ့ စိုးရိမ် ပူပန်မှုတွေကို သူက တင်ပြခဲ့ရာ မှာ မင်းအောင်လှိုင်က အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ် လို့ ပြောကြားခဲ့ကြောင်း Sihasak က ဆိုပါတယ်။

အာဆီယံနိုင်ငံ တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ကျန်းမာရေး အတွက် စိုးရိမ်နေကြပါတယ်။

သူကတော့ ကောင်းမွန်တဲ့ အရာတွေကို စဉ်းစား နေတယ်လို့ ပြောတဲ့ အတွက် ဒါဟာ ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်လို့ Sihasak က ပြောပါတယ်။

မင်းအောင်လှိုင်ဘက် ကတော့ အသေးစိတ် ထပ်မံရှင်းပြခြင်း မရှိပါ။

သူမကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေးပါ။

“ကျွန်တော်တို့ ကူညီပေးချင်ပါတယ်” လို့ ထိုင်းဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့နဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေဖို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေ ကို ထောက်ပံ့ ပေးဖို့ အဆင်သင့်ရှိတယ်လို့ Sihasak က ပြောပါတယ်။

မြန်မာ့ရုပ်မြင်သံကြား ကတော့ နေပြည်တော်မှာ Sihasak နဲ့ မင်းအောင်လှိုင် တို့ တွေ့ဆုံတဲ့ သတင်းကို ထုတ်လွှင့်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုတော့ တခွန်းမှ ထည့်သွင်း ပြောဆိုခြင်း မရှိခဲ့ပါ။

ref: reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *