ဇွန် ၁၉ – ၂၀၂၆
ဒီကနေ့ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခါသမယ မှာ မျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ နိုင်ငံရေးသဘောထား တရပ်ကို ထုတ်ပြန်ကြောင်း သိရပါတယ်။
သဘောထား ထုတ်ပြန်ချက်ထဲမှာ NUCC ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (ချာတာ) ပါ လမ်းညွှန်ချက် တွေနဲ့ အညီ နိုင်ငံရေး အခင်းအကျင်း သစ်ကို ဖော်ဆောင်နေကြောင်း ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အကုန်လုံး အမြန်လွတ်မြောက်ရေး ကြိုးပမ်းသွားမယ့် အကြောင်းနဲ့ “စုပေါင်းခေါင်းဆောင်မှု” နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်သွားမယ့် အကြောင်း အပါအဝင် အချက် ၃ ချက်ကို ထပ်လောင်း အတည်ပြု ထုတ်ပြန် ထားပါတယ်။
—————————
THN Public Media


