THN Public Media Blog သတင်း နိုင်ငံရေး နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု TNLA က တောင်းပန်ကာ ကျန်ရစ်သူ မိသားစုဝင် တွေကို ကူညီထောက်ပံ့ငွေ ပေးအပ်
နိုင်ငံရေး

နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု TNLA က တောင်းပန်ကာ ကျန်ရစ်သူ မိသားစုဝင် တွေကို ကူညီထောက်ပံ့ငွေ ပေးအပ်

ဇွန် ၈ – ၂၀၂၆

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ရပ်မှာ ပြီးခဲ့တဲ့ မေလ (၃၁) ရက်နေ့က ဖြစ်ပွားခဲ့သော ယမ်းပျော့ မတော်တဆ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေ အပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဒီဖြစ်စဉ်အတွက် လေးနက်စွာ တောင်းပန် ကာ ကွယ်လွန်သူတွေကို ရည်စူးပြီ ရက်လည်ဆွမ်းသွပ် တရားနာ အလှူတော်ကို ကျင်းပပြုလုပ်ခဲ့ကာ ကျန်ရစ်သူမိသားစုတွေကိုလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

ယမ်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကွယ်လွန်သူတဦး အတွက် ငွေကျပ် သိန်း (၁၀၀) နှုန်းနဲ့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ တခြားလိုအပ်တဲ့ အကူအညီများကို ဆက်လက်ပံ့ပိုးကူညီပေးနေပါတယ်။

ဇွန်လ (၆) ရက်နေ့ ပြုလုပ်တဲ့ ရက်လည် တရားနာပွဲ ကို TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား နဲ့ အဖွဲ့‌ တက်ရောက်ခဲ့ပါတယ်။

ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပ က ပါဝင် လှူဒါန်းထားရာမှာ တရုတ်ယွမ်ငွေ (၂၀၆၄၃၅) နဲ့ မြန်မာကျပ်ငွေ (၉၀၀၄၁၈၃၅၀) ရရှိထားကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စတင်တဲ့အခါ စနစ်တကျ စီမံခန့်ခွဲ အသုံးပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version