THN Public Media Blog သတင်း War နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့ မြို့နယ်တွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ၂ ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်
War ပြည်တွင်း

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့ မြို့နယ်တွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ၂ ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်

အောက်တိုဘာ ၁၉ – ၂၀၂၅

ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရှမ်းမြောက်ဒေသ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့ မြို့နယ်တွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ လို့ ပြည်သူ ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ TNLA တအာင်း အဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

နေ့လယ် ၁၂ နာရီခွဲ့မှာ နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက် ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၁) လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာ ရရှိပြီး နေအိမ် (၂)အိမ်၊ လက်ဘက်စက်ရုံ (၁)ရုံ၊ မီးသတ်ကား (၅)စီး နဲ့ ကား (၄)စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက် ကိုလည်း ပေါင် (၂၅၀) ဗုံး (၁)လုံး ကြဲလို့ အိမ် (၆)လုံး ပျက်စီးသွားသလို၊ မိုင်းငေါ့မြို့နယ်၊ လွယ်ပိန်းကျေးရွာ ကိုလည်း ဗုံး (၂) လုံး လာရောက် ကြဲချလို့ ဘုန်းကြီးကျောင်းနဲ့ ဇရပ် ထိမှန် ပျက်စီး သွားကြောင်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version