THN Public Media Blog သတင်း နိုင်ငံတကာ ဟားမတ်စ်တို့ဟာ အစ္စ‌ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တယ်ဆိုပြီး အစ္စရေးက ဂါဇာကို ဗုံးပြန်ကြဲ
နိုင်ငံတကာ

ဟားမတ်စ်တို့ဟာ အစ္စ‌ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တယ်ဆိုပြီး အစ္စရေးက ဂါဇာကို ဗုံးပြန်ကြဲ

အောက်တိုဘာ ၁၉ – ၂၀၂၅

“အကြမ်းဖက်သမားတွေက IDF အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကို တင့်ကား ဖျက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်’’ လို့ အစ္စရေးက ပြောကြားလိုက်ပြီးနောက် ဂါဇာတောင်ပိုင်းကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂါဇာ တောင်ပိုင်းမြို့ Rafah ရာဖာ မြို့မှာ အစ္စရေးတပ်ဖွဲ့ ပစ်ခတ်ခံရတာ ဖြစ်ပြီး ဒါဟာ “အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထင်ရှားစွာ ချိုးဖောက်တာ” ဖြစ်တယ်လို့ အစ္စရေး ဘက်က ပြောကြားလိုက်ပြီး ပြင်းထန်စွာ တုံ့ပြန်မယ်လို့ အလေးအနက် ပြောဆိုပါတယ်။

ဟားမတ်စ် တို့ကတော့ ‘’ရာဖာ ဒေသဟာ (အစ္စရေး) သိမ်းပိုက်ထားတဲ့ ထိန်းချုပ်မှုမှာ ရှိပြီး အန္တရာယ်ဇုန်တွေ ဖြစ်တာကြောင့် အဲဒီမှာ ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ် ဒါမှမဟုတ် ပဋိပက္ခတွေကို ဘာမှ မသိရှိ” ဘူးလို့ ပြောကြားခဲ့ ပါတယ်။

အမေရိကန် သမ္မတ ထရမ့် ရဲ့ ဂါဇာစစ်ပွဲ အဆုံးသတ် ရေး အစီအစဉ် တစိတ်တပိုင်းဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်ဟာ အောက်တိုဘာ ၁၀ ရက်နေ့က စတင် အသက်ဝင် ခဲ့တာ ဖြစ်ပါ တယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ အစ္စရေးတပ်ရဲ့ ကြေညာချက်မှာ IDF က “ဂါဇာတောင်ပိုင်း ရာဖာ ဒေသရှိ အကြမ်းဖက် အခြေခံ အဆောက်အအုံ တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေတာကို အကြမ်းဖက် သမားတွေက IDF တပ်ဖွဲ့ဝင်တွေထံ တင့်ကားဖျက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ တယ်” လို့ ဖေါ်ပြထားပါတယ်။

ဒါကိုတုန့်ပြန်တဲ့ အနေနဲ့ IDF ဟာ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီး အကြမ်းဖက် လုပ်ရပ် အတွက် အသုံးပြုခဲ့တဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ရေးအဆောက်အအုံတွေကို ဖျက်သိမ်းဖို့ အတွက် အဲဒီ ဒေသကို စတင် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ဂါဇာကမ်းမြှောင်ရှိ အကြမ်းဖက် ပစ်မှတ်တွေကို အင်အားသုံး တိုက်ခိုက်ဖို့” ထိပ်တန်း ကာကွယ်ရေး အရာရှိတွေ့ဆုံပြီး ညွှန်ကြား ခဲ့ကြောင်း ဝန်ကြီးချုပ် ရုံးက ထုတ်ပြန်ထားပါတယ်။

ref: bbc

photo: reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version