ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင် နဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါ်ထက်ထက်လှိုင် တို့ဟာ UEC ကို ခွင့်ပြုချက် မတင်ဘဲ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က နိုင်ငံခြားသံရုံး တခုက လူပုဂ္ဂိုလ် တချို့နဲ့ စားသောက်ဆိုင် တခုမှာ တရားမဝင် တွေ့ဆုံခဲ့တာ ကြောင့် သူတို့ နှစ်ဦးကို ဥပဒေ နဲ့အညီ အရေးယူသွားမယ်လို့ UEC က ဒီကနေ့ အသိပေး ထုတ်ပြန်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်အရ နိုင်ငံခြား တိုင်းပြည် အစိုးရ အဖွဲ့အစည်း တခုခုကနေ အထောက်အပံ့ယူပါက ပါတီကို ဖျက်သိမ်းနိုင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
