THN Public Media Blog သတင်း ပြည်တွင်း နိုင်ငံရေးအကျဥ်းသား ၁၈၉၅ ဦး လွတ်မြောက်
ပြည်တွင်း

နိုင်ငံရေးအကျဥ်းသား ၁၈၉၅ ဦး လွတ်မြောက်

မတ်လ ၂ – ၂၀၂၆

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ အကျဉ်းထောင် (၂၅) က နိုင်ငံရေးအကျဥ်းသား ၁၈၉၅ ဦး လွတ်မြောက် လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်( PPNM ကနေ ကနဦး အနေနဲ့ အတည်ပြု ထုတ်ပြန်ထားပါတယ်။

အကျဥ်းထောင်အလိုက် လွတ်မြောက်လာသူ အရေအတွက်ကတော့

(၁) ပေါင်းတည်အကျဉ်းထောင်မှ ကျား(၁၆)ဦး နှင့် မ(၆)ဦး

(၂ ) သာယာဝတီအကျဉ်းထောင်မှ ကျား (၅၉ )ဦးနှင့် မ( ၂၇ )ဦး

(၃) ဒိုက်ဦးအကျဉ်းထောင်မှ ကျား(၁၀)ဦး နှင့် မ(၂၀)ဦး

(၄) မအူပင်အကျဉ်းထောင်မှ ကျား(၃၈)ဦး နှင့် မ(၈)ဦး

(၅) ကော့သောင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၆)ဦး

(၆) ပခုက္ကူအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၀)ဦး

(၇ ) ကလေးအကျဉ်းထောင်မှ ကျား(၈၁)ဦး နှင့် မ(၂၅)ဦး

(၈) ပြည်အကျဉ်းထောင်မှ ကျား (၄၃)ဦး၊ နှင့် မ (၉)ဦး

(၉) သထုံအကျဉ်းထောင်မှ ကျား(၆၁)ဦး

(၁၀) မြိတ်အကျဉ်းထောင်မှ ကျား(၁၃)ဦးနှင့် မ(၁၆)ဦး

(၁၁) မြစ်ကြီးနားအကျဉ်းထောင်မှ ကျား (၃)ဦး

(၁၂) အင်းစိန်အကျဉ်းထောင်မှ မ (၅) -ဆက်လက်အတည်ပြုရန်ရှိ

(၁၃) ရွှေဘိုအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၂)ဦး

(၁၄) ကသာအကျဉ်းထောင်မှ ကျား (၂၀)ဦး နှင့် မ(၇)ဦး

(၁၅) ကျိုက်မရောအကျဉ်းထောင်မှ မ(၆)ဦး

(၁၆) သရက်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၁၀)ဦး

(၁၇)ဟင်္သာတအကျဉ်းထောင်မှ ကျား(၁၀၀)ဦး နှင့် မ(၂၀)ဦး

(၁၈) အိုးဘိုအကျဉ်းထောင်မှ ကျားအချုပ်(၁၀)ဦး၊ မအချုပ်(၇၈)ဦး နှင့် ကျား(၅၂၀)ဦး မ(၁၅၅)ဦး

(၁၉) ရမည်းသင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၄၃)ဦး

(၂၀) လွိုင်ကော်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၁၁၀)ဦး

(၂၁) မြင်းခြံအကျဉ်းထောင်မှ ကျား (၃၁)ဦး နှင့် မ (၁၈)ဦး

(၂၂) မိတ္ထီလာအကျဥ်း‌ထောင်မှကျား (၃၇)ဦး နှင့် မ(၁၀)ဦး

(၂၃) ပုသိမ်အကျဥ်း‌ထောင်မှ ကျား၊မ စိစစ်ဆဲ (၈၀)ဦး

(၂၄) ထားဝယ်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၁၈)ဦး

(၂၅) မိုးညှင်းအကျဥ်း‌ထောင်မှ ကျား(၂) ဦး နှင့် မ(၄)ဦး

လွတ်မြောက်လာခဲ့ပြီး အရေအတွက် အသေးစိတ်နဲ့ အတိအကျ သိရှိဖို့ ဆက်လက်ကြိုးစားနေကြောင်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version