THN Public Media Blog သတင်း ပြည်တွင်း PDF ခေါင်းဆောင် ကိုကျော်ဆန်းဦးရဲ့ ဖခင် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၄၀၀ နီးပါး အိုးဘိုထောင်က လွတ်
ပြည်တွင်း

PDF ခေါင်းဆောင် ကိုကျော်ဆန်းဦးရဲ့ ဖခင် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၄၀၀ နီးပါး အိုးဘိုထောင်က လွတ်

မတ်လ ၂ – ၂၀၂၆

လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ပုဒ်မ ၅၂ (က) အရ ပြစ်ဒဏ် ကျခံနေသူတွေကို အကျဥ်းထောင်တွေ ကနေ လွှတ်ပေးနေရာ မန္တလေးတိုင်း အတွင်း အိုးဘို၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း၊ မိတ္ထိလာထောင်တွေ ကနေ ဒီကနေ့မှာ အကျဥ်းသား ၃၄၁၉ ယောက် လွတ်မြောက်ခဲ့ ပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ထောင်နှစ်ရှည်ကျခံနေရတဲ့ ဦးစန္ဒေါဘာသ (ခေါ်) ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၀၆၅၊ အကျဥ်းသူ ၃၃ယောက် စုစုပေါင်း ၁၃၉၈ ယောက်လွတ်မြောက်ပါတယ်။

ဦးဥာဏ်ထွန်းဟာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာ ဝေဇယန္တာကျောင်းမှာ သီတင်းသုံးစဥ် သားဖြစ်သူ PDF ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုကျော်ဆန်းဦးကို ကျောင်းမှာ ပုန်းခိုခွင့်ပေးတဲ့ အတွက် ထောင်နှစ်ရှည် ချခံခဲ့ရာက ခုလို လွတ်ငြိမ်း သက်သာခွင့်နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။

မြင်းခြံ၊ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာထောင်တွေကတော့ အကျဥ်းသား ၁၃၆၉၊ အကျဥ်းသူ ၄၇၄ နဲ့ ကုန်ထုတ် စခန်းတွေက အကျဥ်းသား ၁၆၀ အကျဥ်းသူ ၁၈ ယောက် စုစုပေါင်း မန္တလေးတိုင်းက ၃၄၁၉ ယောက်လွတ်မြောက်တယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version