THN Public Media Blog သတင်း သဘာဝပတ်ဝန်းကျင် နီပေါနိုင်ငံမှာ မိုးကြီးလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးသေဆုံး
မိုးလေဝသ သဘာဝပတ်ဝန်းကျင်

နီပေါနိုင်ငံမှာ မိုးကြီးလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးသေဆုံး

Kathmandu Metropolitan City Police reconstruct and clear debris from the Bafal riverside road in Kathmandu, Nepal, on October 5, 2025, which is damaged and blocked due to floods following continuous rainfall the previous day. Authorities work to restore connectivity for commuters, highlighting ongoing flood aftermath across the city. (Photo by Safal Prakash Shrestha/NurPhoto via Getty Images

အောက်တိုဘာ ၆ – ၂၀၂၅

နီပေါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲလို့ မြေပြိုမှုတွေနဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄၇ ဦးကို သေဆုံးစေခဲ့ပြီး၊ လမ်းတွေ ပိတ်ဆို့ကာ တံတားတွေလည်း ရေထဲ မျောပါကုန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိနေတဲ့ နီပေါနိုင်ငံ အရှေ့ဘက် Ilam) ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေမှာ လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့ကစလို့ ရေကြီးမှုကြောင့် လူ ၉ ဦး ပျောက်ဆုံးနေပြီး၊ နီပေါနိုင်ငံရဲ့ တခြား နေရာတွေမှာ ဆိုရင် မိုးကြိုးပစ်ခံရမှုကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်း ခဲ့တာကြောင့် ဖြစ်ပါတယ်။

“ပျောက်ဆုံးနေသူတွေ အတွက် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ဆက်လက် လုပ်ဆောင် နေပါတယ်” လို့ နီပေါနိုင်ငံ၊ အမျိုးသား ဘေးအန္တရာယ် လျှော့ချ ရေးနဲ့ စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Shanti Mahat က ပြောပါတယ်။

အစိုးရက အရေးပေါ် ဝန်ဆောင်မှု နဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့တွေကို ချန်လှပ် ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့ တို့ကို တနိုင်ငံလုံး အစိုးရ ရုံးပိတ်ရက် အဖြစ် ကြေညာခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မိုးလေဝသ အာဏာပိုင်တွေက ခရိုင် တဒါဇင်ကျော်ကို အနီရောင် သတိပေးချက် ထုတ်ပြန်ထားပြီး ရေကြောင်းလမ်း အနီး နေထိုင်သူများကို ချက်ချင်း ပြောင်းရွှေ့ဖို့ သတိပေးထားကြောင်း ဌာနအကြီးအကဲ Kamal Ram Joshi က ပြောပါတယ်။

သတိပေးချက်ထဲမှာ မြို့တော် ခက်မန်ဒူ နေရာတချို့နဲ့ လူဦးရေ ထူထပ်တဲ့ နေရာတွေ ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version