THN Public Media Blog သတင်း War ပုဏ္ဍားကျွန်း မြောက်ဦး နဲ့ ကျောက်တော် တို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်
War ပြည်တွင်း

ပုဏ္ဍားကျွန်း မြောက်ဦး နဲ့ ကျောက်တော် တို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်

ဧပြီ ၁၉ – ၂၀၂၆

ရခိုင်ပြည်နယ်မှာ မြောက်ဦး အပါအဝင် မြို့နယ်သုံးခုကို စစ်တပ်ကနေ ဒီနေ့မနက်ပိုင်း လေကြောင်း ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေ ဆီက စုံစမ်းသိရှိ ရပါတယ်။

မနက် ၁၀ နာရီကျော် လောက်မှာ မြောက်ဦးမြို့နယ်၊ ကျောက်တော် နဲ့ ပုဏ္ဍားကျွန်း မြို့နယ်ထဲ က နေရာတချို့ကို လေကြောင်း တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း နဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရပြီး အမျိုးသား တယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ကတော့ မြောက်ဦးမြို့နယ်၊ ကျောက်ဆည် ပြင်ရွာက ဖြစ်ပါတယ်။

” မြောက်ဦး ကျောက်ဆည်ပြင်ရွာမှာက ဘုန်းကြီးကျောင်းတခုလုံး ပါသွားတယ်။ ပုဏ္ဍားကျွန်းမှာ ကတော့ ဓာတ်အားပေးစက်ရုံ ထိတယ်။ ဓာတ်အားပေးစက်ရုံ ကတော့ နဂိုထဲကပျက်စီးနေတာပါ။ အဲဒါကိုထပ်လာ ပစ်တာ။ လာပစ်တော့ အနီးနားက အိမ်တွေလည်းပျက်စီးတယ်။ နတလ ကျောင်းကိုလည်း ပစ်ခတ်တာရှိတယ်။ အဲဒီဘက် ကတော့ အပျက်အစီးကို သေချာမသိရသေးဘူး ။အခုတော့ လေယာဥ်ဝဲတာ မရှိဘူး ။ ” လို့ စစ်ရှောင် အရေးကူညီနေသူ ဒေသခံက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာတော့ ဒေါင်းဒေါင်ယိုး ကျေးရွာဘက်မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရတာဖြစ်ကြောင်း သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ ကိုတော့ မသိရှိရသေးပါ။

မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့တို့ဟာ လက်ရှိမှာ AA က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်ကြပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version