ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတော်အဆင့် လူမှုရေးအဖွဲ့ကနေ ပါတီအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပြီး နိုင်ငံပိုင် ရုံး အဆောက်အဦး နဲ့ ရံပုံငွေ တွေကို အလိုလျောက် ရရှိသွားကာ စစ်တပ်ကျောထောက်နောက်ခံနဲ့ ပါတီကြီး တရပ်ဖြစ်ခဲ့တဲ့ အလျောက် ဓနအင်အား ကြီးမားတဲ့ ပါတီ ဖြစ်ပါတယ်။
ဒီအတွက် အခုလို ပွဲလမ်းသဘင် အခမ်းအနားမျိုးတွေမှာ တခြားနိုင်ငံရေးပါတီတွေ မယှဥ်မနိုင်အောင် ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ ရှိတာ ဖြစ်ပါတယ်။
မနေ့က အခမ်းအနားကို ပါတီဥက္ကဌ ဦးခင်ရီ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
—————————
THN Public Media
