နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ် ကနေ ပြည်သူ့လွှတ်တော် အတွက် တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်တပ် အရာရှိ ဟောင်း ဒေါက်တာ အောင်မျိုးက ‘’ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ဆိုင်ရာ အခွန်တော်ဥပဒေ’’ (Military Service Exemption Tax) ကို လွှတ်တော်မှာ တင်သွင်းမယ်လို့ ပြောကြားလိုက်ပါတယ်။
SMART MEDIA နဲ့ အင်တာဗျူးမှာ မကြာသေးခင်က အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး ဒီဥပဒေ အရ စစ်မှု မထမ်းလိုသူတွေ နေရာမှာ စွန့်စား လိုစိတ် ရှိသူတွေက အစားထိုး ဝင်ရောက်စစ်မှုထမ်း ချင်လာအောင် အခွန်ကောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မှု မထမ်းလိုသူတွေကို အခွန်ကောက်မှာ ဖြစ်ပြီး ရထဲ အခွန်ထဲက ၅၀ ရာခိုင်နှုန်းကို စစ်မှုထမ်း အစားထိုး ဝင်ရောက် သူတွေကို ပေးအပ်မှာ ဖြစ်ကာ ၃၀ ရာခိုင်နှုန်းက လက်ရှိ တိုက်ပွဲဝင်နေသူ အတွက် နဲ့ ကျန် ၂၀ ရာခိုင်းနှုန်း ကတော့ အုပ်ချုပ်မှု စရိတ် ဖြစ်တယ် လို့ ပြောကြားသွား ပါတယ်။
တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီး အပါအဝင် အဖွဲ့ကနေ အဲဒီ တိုင်း/ပြည်နယ် အတွက် အခွန်နှုန်းထား သတ်မှတ်ပြီး ကောက်ခံဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။
အဲဒီအတွက် ဒီဥပဒေကို ရေးဆွဲပြီးပြီ ဖြစ်ကြောင်းနဲ့ ဒီဥပဒေကို လွှတ်တော်မှာ ပထမ ဦးစားပေး တင်သွင်းမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။
ဒီ ဥပဒေဟာ ဆွစ်ဇာလန် နိုင်ငံမှာ ရှိကြောင်းနဲ့ ငြိမ်းချမ်းနေတဲ့ ဆွစ်ဇာလန် လိုနိုင်ငံမှာ အကြောင်း အမျိုးမျိုးကြောင့် စစ်ထဲကို ဝင်လို့ မရတဲ့သူတွေ ရှိကြောင်း၊ အဲဒီအတွက် ဒီဥပဒေကို ပြဌာန်းပေးရတာလို့ ဆိုပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာလည်း အစိုးရအတွက် တကယ့်လိုအပ်ချက် ဖြစ်တယ် လို့ သူက ပြောပါတယ်။
အခုတော့ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေဟာ ကြောက်ပြီး နိုင်ငံခြားကို တမ်းရှောင် သွားတာတွေ ရှိကြောင်းနဲ့ မိဘတွေကလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ပြောဆိုသွားပါတယ်။
Crd – SMART MEDIA
—————————
THN Public Media
