‘’ပြည်သူတွေက ဒီလိုမျိုး အကြောက်တရား ဝင်သွားပြီ ဆိုရင်… ကျွန်တော်တို့က ဘာကြောင့် တော်လှန်ရေး လုပ်ရတာလဲ….’’
ကိုမြတ်အောင် (အသတ်ခံရသူ ဦးကိုငယ်ရဲ့ တူဖြစ်သူ)
မကွေးတိုင် သရက်ခရိုင် ကံမမြို့နယ် ကျောက်ဆောင်းရွာ က အသက် ၇၁ နှစ်အရွယ် ဦးကိုငယ် ကို နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက PDF တွေ ကနေ ဆိုင်ကယ်နဲ့ ရောက်လာပြီး စစ်ဆေးစရာ ရှိလို့ ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရွယ်လယ်အရောက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တူဖြစ်သူ ကိုမြတ်အောင် က အမျိုးသား ညီညွတ်ရေး အစိုးရ NUG MOD အောက် အမှတ် ၁ စစ်ဒေသ ရဲ့ သရက်ခရိုင် တပ်ရင်း ၄ ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ကံမနယ် မြေပြင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်လို့သာ အကြောင်းပြန် တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လို ဖြစ်ခဲ့လဲ ဆိုတာ ကိုမြတ်အောင် ကို အသေးစိတ် မေးမြန်းထားပါတယ်။
THN Public Media

