THN Public Media Blog သတင်း ပြည်တွင်း ပြည်သူ့ပါတီက တိုင်းဒေသကြီးလွှတ်တော် တနေရာသာ အနိုင်ရရှိ
ပြည်တွင်း

ပြည်သူ့ပါတီက တိုင်းဒေသကြီးလွှတ်တော် တနေရာသာ အနိုင်ရရှိ

ဒီဇင်ဘာ ၃၀ – ၂၀၂၅

ဒီဇင်ဘာ ၂၈ စစ်တပ် ကျင်းပတဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (FPTP) မြိတ်မြို့နယ် ကနေ အနိုင်ရရှိသွားပါတယ်။

တနင်္သာရီတိုင်းမှာ မြိတ်နဲ့ တခြားမြို့နယ်တွေ အတွက် ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် အတွက် ပြည်သူ့ပါတီက မဲရေတွက်ပြီးချိန်မှာ အနိုင်ရပေမယ့် နောက်ပိုင်းမှာ စစ်တပ်ထဲက မဲတွေ ရောက်လာချိန် မှာတော့ ပြည်ခိုင်ဖြိုးက အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း PR အနေနဲ့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်တာ ဖြစ်လို့ PR အနေနဲ့ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီး အတွက် မှာ နောက်ထပ် တဦးစီ အနိုင်ရဖို့လည်း ရှိနေပါတယ်။

ရမည်းသင်းမြို့နယ်မှာလည်း မဲရေတွက်နေချိန်မှာ ပြည်သူ့ပါတီ နဲ့ ပြည်ခိုင်ဖြိုး အကြား မဲအရေအတွက် မတိမ်းမယိမ် ဖြစ်နေပြီးနောက် ကြိုတင်မဲ ရောက်လာချိန်မှာတော့ ပြည်ခိုင်ဖြိုးက အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာလည်း မဲပေးပြီးနောက် ကြိုတင်မဲတွေ ရောက်ရှိ လာရာ ဘာတံဆိပ် ဘာလက်မှတ်မှာ မပါတဲ့အတွက် ပြည်သူ့ပါတီက လက်မခံဘဲ လက်မှတ်မထိုးပေးဘူးလို့ ဆိုပါတယ်။ ဒီအတွက် လက်မှတ် ပါတဲ့ ကြိုတင်မဲ ၅ မဲသာ လက်ခံလိုက်တယ်လို့ သိရပါတယ်။

ကြိုတင်မဲ အများစုဟာ တဦးချင်း မဲပေးတဲ့ ပုံစံထက် အုပ်စုလိုက်ကို တဦးတယောက်က ဖြည့်ပေးထားတဲ့ သဘောမျိုးလို့လည်း ဆိုပါတယ်။

ပထမအကျော့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ပြည်ခိုင်ဖြိုး က ၈၀ ရာခိုင်နှုန်း အနိုင်ရရှိသွားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version