THN Public Media Blog သတင်း ပြည်တွင်း မြန်မာ့ရွေးကောက်ပွဲ တည်ငြိမ်ပြီး စနစ်တကျ ရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောကြား
ပြည်တွင်း

မြန်မာ့ရွေးကောက်ပွဲ တည်ငြိမ်ပြီး စနစ်တကျ ရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောကြား

ဒီဇင်ဘာ ၃၀ – ၂၀၂၅

ဒီဇင်ဘာ ၂၈ ရက်နေ့ မြန်မာနိုင်ငံရွေးကောက်ပွဲ ပထမအဆင့် မဲပေးတဲ့ လုပ်ငန်းစဉ်ဟာ ယေဘုယျအားဖြင့် တည်ငြိမ်ပြီး စနစ်တကျ ရှိခဲ့တာကြောင့် ရွေးကောက်ပွဲ အတွက် ချောမွေ့တဲ့ အစပျိုးမှုတခု ဖြစ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာ ပြောခွင့်ရ Lin Jian က မနေ့က ပြောကြား လိုက်ပါတယ်။

ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်ရဲ့ အမေးကို ဖြေကြားခဲ့တာ ဖြစ်ပြီး လေ့လာ စောင့်ကြည့်ရေး အဖွဲ့နဲ့အတူ သက်ဆိုင်ရာ နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် တွေဟာ ရွေးကောက်ပွဲ ဖြစ်စဉ်ကို မဲပေးတဲ့နေရာမှာတင် စောင့်ကြည့်လေ့လာခဲ့ကြ တယ်လို့ ပြောပါတယ်။

လာမယ့် ဒုတိယနဲ့ တတိယအဆင့် မဲပေးမှုတွေ ဟာလည်း ချောမွေ့စွာ ပြီးမြောက်ပြီး၊ မြန်မာနိုင်ငံရဲ့ အခြေအနေ တွေကို တည်ငြိမ်စေကာ တင်းမာမှုတွေ လျော့ကျသွားစေဖို့ တရုတ်နိုင်ငံက မျှော်လင့် ပါတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပုံမှန်နိုင်ငံရေး အခြေအနေကို ပြန်လည်ရောက်ရှိစေဖို့၊ ပိုမိုကျယ်ပြန့်ပြီး တည်ငြိမ်တဲ့ ငြိမ်းချမ်းတဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက် မှုတွေကို အမြန်ဆုံး ပြန်လည် ရရှိလာစေဖို့လည်း မျှော်လင့်ကြောင်းလည်း သူက ပြောကြားသွား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version