THN Public Media Blog သတင်း နိုင်ငံတကာ ဖီဖာရဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆု ကို သမ္မတထရမ့် ရရှိ
နိုင်ငံတကာ

ဖီဖာရဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆု ကို သမ္မတထရမ့် ရရှိ

WASHINGTON, DC - DECEMBER 05: U.S. President Donald Trump receives the FIFA Peace Prize during the FIFA World Cup 2026 Official Draw at John F. Kennedy Center for the Performing Arts on December 05, 2025 in Washington, DC. (Photo by Dan Mullan/Getty Images

ဒီဇင်ဘာ ၅ – ၂၀၂၅

ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ် ဖီဖာ ကနေ ချီးမြှင့်တဲ့ ငြိမ်းချမ်းရေး ဆုကို သမ္မတ ထရမ့် က ရရှိသွားပါတယ်။

ဝါရှင်တန်မှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပွဲစဥ်တွေ အတွက် မဲနှိုက်ရွေးချယ်ပွဲမှာ ဖီဖာ ဥက္ကဌ Gianni Infantino သမ္မတ ထရမ့်ကို ဒီ ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ပထမဆုံး ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဥက္ကဌ ကတော့ မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ဖြစ်ပါတယ်။

ဦးဇော်ဇော်ဟာ ဖီဖာရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ “လူမှုရေးတာဝန်ယူမှု” (Social Responsibility) ကော်မတီ ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး အဲဒီကော်မတီ ကနေ ဆုရွေးချယ်တဲ့ “လုပ်ငန်းစဉ်” ကို တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဆုရရှိတဲ့ သမ္မတ ထရမ့်က ‘’ဒါဟာ ကျွန်တော့်ဘဝရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုဆုတွေထဲက တခု အမှန်တကယ် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး နိုင်ငံပါ”

“ကမ္ဘာကြီးဟာ အခုဆိုရင် ပိုပြီး လုံခြုံတဲ့ နေရာတခု ဖြစ်နေပါပြီ။ အရင် တနှစ်လောက်က အမေရိကန်ဟာ အခြေအနေ မကောင်းခဲ့ပေမယ့်၊ အခု ဆိုရင်တော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံ ဖြစ်နေ ပါပြီ။” လို့ သမ္မတ ထရမ့်က ပြောသွားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version