THN Public Media Blog သတင်း နိုင်ငံရေး ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ‘’စစ်အစိုးရက အသာစီးနဲ့ ဆွေးနွေးမှာကို ကျွန်တော်တို့က ဒူးထောက်မှာ မဟုတ်ဘူး’’ လို့ ပြောကြား
နိုင်ငံရေး

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ‘’စစ်အစိုးရက အသာစီးနဲ့ ဆွေးနွေးမှာကို ကျွန်တော်တို့က ဒူးထောက်မှာ မဟုတ်ဘူး’’ လို့ ပြောကြား

မေလ ၅ – ၂၀၂၆

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat မဂ္ဂဇင်း နဲ့ မေးမြန်းခန်းမှာ “စစ်အစိုးရ က အသာစီးရနေတဲ့ အနေအထားကနေ ဆွေးနွေးညှိနှိုင်းချင်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ အဲဒီလို ဖိအားပေးမှုမျိုးကို အရှုံးပေး ဒူးထောက်သွားမှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က အင်တာဗျူးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ ပြောကြားချက်ထဲက ကောက်နုတ်ချက် တချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။ (အင်တာဗျူး အပြည့်အစုံကို သီးသန့် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်)-

‘’ စစ်အစိုးရက ကျွန်တော်တို့ကို ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေအတိုင်း ပြန်သွားစေချင်တယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ကလည်း ၁၇၈၄ ခုနှစ် (ရခိုင်လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့အချိန်) အခြေအနေကို ပြန်သွားချင်တာပေါ့။’’

‘’အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။ တခြား အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။’’

အိန္ဒိယနဲ့ ပတ်သက်ပြီး – ‘’ကုလားတန် (Kaladan) စီမံကိန်းအတွက်လည်း ကျွန်တော်တို့ ကူညီဖို့ အသင့်ပါပဲ။’’

တရုတ်နဲ့ ပတ်သက်ပြီး – ‘’ဒါက ဖိအားပေးတာ မဟုတ်ပါဘူး။ တရုတ်က မြန်မာနိုင်ငံကို တည်ငြိမ်စေချင် တာပါ။ တချို့ကတော့ ဒါကို ဖိအားလို့ ပြောကြမှာပေါ့။ တရုတ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားမှာပါပဲ၊ ဒါက နိုင်ငံတိုင်း လုပ်ဆောင်တဲ့အရာပါ။’’

‘’နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို AA တဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။ သူတို့ရဲ့ အခြေအနေတွေကို ကျွန်တော်တို့ အပြည့်အဝ လေးစားပါတယ်။’’

နောက် ၂ နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး

‘’ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်ချင်သလို ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တခုကို ရှာဖွေချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ဟာ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားသင့်ပါတယ်။’’

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version