နိုင်ငံရေး

ဗိုလ်နဂါး စစ်တပ်ထံ လက်နက်နဲ့ခဲယမ်းတွေနဲ့ လက်နက်ချ ဝင်ရောက်

ဖေဖေါ်ဝါရီ ၁၈ – ၂၀၂၆

BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ စစ်တပ်ထံ လက်နက်နဲ့ခဲယမ်းတွေနဲ့ လက်နက်ချ ဝင်ရောက်သွားကြောင်း MRTV က သတင်းထုတ်ပြန်လိုက် ပါတယ်။

ဒီကနေ့ ညနေ ၄ နာရီ ၅၀ မိနစ်မှာ BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ မိသားစုတွေနဲ့ အတူ လက်နက် ၆ လက် နဲ့ ပုလဲမြို့နယ် စစ်တပ်စခန်း တခုကို လာရောက်ဆက်သွယ်ဝင်ရောက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။

မနေ့ကတော့ NUG MOD ကနေ BNRA ကို တိုက်ခိုက်ခဲ့ပြီး BNRA တပ်ဖွဲ့ဝင် တချို့ ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း နှစ်ဖက် ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *