ပြည်တွင်း

ဘူးလက်လှဆွေ ကို တစည ပါတီက ဂုဏ်သိက္ခာ ထိခိုက်စေမှုနဲ့ UEC ကိုတိုင်ကြားထား

ဒီဇင်ဘာ ၂ – ၂၀၂၅

ဦးလှဆွေ (ခ) ဘူးလက်လှဆွေ ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည က ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်း စေမှုနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင် UEC ကို ရွေးကောက်ပွဲ မစခင် ၂၀၂၅ ဒီဇင်ဘာ ၂၄ ရက်က တိုင်ကြားထားကြောင်း ပေါက်ကြားလာတဲ့ တိုင်ကြားစာ အရ သိရပါတယ်။

ဘူးလက်လှဆွေ က သူကိုယ်တိုင် ထုတ်ဝေတဲ့ ဘူးလက်ဂျာနယ် တခုရဲ့ ဆောင်းပါး တခုမှာ

‘’တစညဟာ ကိုယ့်ရပ်ရွာမှာ တယောက်တလေသာ ရနိုင်ကြောင်း…. ပါတီခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင် ခါးဆက်ပြတ်နေကြောင်း… အရင် လမ်းစဥ်ပါတီက ဖြစ်လို့ မြို့နယ်တွေမှာ ပါတီရုံး ရှိနေတဲ့ အားသာချက်သာ ရှိကြောင်း… ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်ဆိုင်းဘုတ်တောင် မတွေ့ရသလောက် ဖြစ်တယ်….’’ ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီလို ရေးသားချက်ဟာ တစည ပါတီကို ထိခိုက်အောင် အထင်အမြင်လွဲမှားအောင် အခြေအမြစ်မရှိတဲ့ အချက်အလက်တွေဆိုပြီး တစည ပါတီက ထောက်ပြထားပါတယ်။

အခုလို ဦးလှဆွေရဲ့ ရေးသား ချက်တွေဟာ မဲဆွယ်စည်းရုံးရေးကို ဖေါက်ဖျက်ကာ တစည ပါတီနဲ့ ကိုယ်စားလှယ်လောင်း ကို ဂုဏ်သိက္ခာ ထိခိုက်ညှိးနွမ်းအောင် လုပ်တာ ဆိုပြီး အရေးယူပေးဖို့ UEC ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်အထိ နောက်ဆက်တွဲ သတင်းကို မသိရဘဲ ဦးလှဆွေကတော့ ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *