THN Public Media Blog သတင်း နိုင်ငံရေး မင်းအောင်လှိုင် ကို ‘’သမ္မတ’’ လို့ အိန္ဒိယက သုံးနှုန်းတာကို SIF ကန့်ကွက်
နိုင်ငံရေး

မင်းအောင်လှိုင် ကို ‘’သမ္မတ’’ လို့ အိန္ဒိယက သုံးနှုန်းတာကို SIF ကန့်ကွက်

မေလ ၃၁ – ၂၀၂၆

မြန်မာ့အတိုက်အခံ အင်အားစုတခု ဖြစ်တဲ့ ဗဟာဗျူဟာ ညှိနှိုင်း ဖေါ်ဆောင်ရေး အင်အားစု SIF က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ မင်းအောင်လှိုင် ကို ‘’မြန်မာနိုင်ငံတော်၏ သမ္မတ’’ လို့ သုံးနှုန်း ဖေါ်ပြခဲ့တာကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

အိန္ဒိယ ဝန်ကြီး နာရန်ဒရာမိုဒီက ဦးမင်းအောင်လှိုင်ကို သမ္မတ အဖြစ် အသိအမှတ်ပြု ဖိတ်ခေါ်တာ နဲ့ ပတ်သက်ပြီးလည်း ဒီမိုကရေစီ ဖျက်ဆီးသူကို အိန္ဒိယနိုင်ငံမှာ ဧည့်ခံ ကြိုဆိုပြီး ဒီမိုကရေစီ ဘက်တော်သား အဖြစ် ဟန်ဆောင်လို့ မရနိုင်ဘူးလို့လည်း SIF က ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ အနိုင်ရတာ မဟုတ်သလို သမ္မတ လည်း မဟုတ်ဘူးဆိုတဲ့ အကြောင်း SIF က အကျယ်တဝင့် ရှင်းပြထား ပါတယ်။

အိန္ဒိယရဲ့ ဖိတ်ခေါ်မှုကြောင့် အိန္ဒိယရဲ့ ဒီမိုကရေစီ ဂုဏ်သိက္ခကို ထိခိုက်နစ်နာ စေမှာ ဖြစ်ပြီး မြန်မာပြည်သူတွေ အတွက် အမျိုးမရှိဘူးလို့ ဆိုပါတယ်။

SIF ဟာ ကရင် ကရင်နီ မွန် ရခိုင် ကချင် နဲ့ တခြား လူထုလူတန်းစား အသီးသီးကို ကိုယ်စားပြုပြီး အဖွဲ့အစည်းပေါင်း ၂၀ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး၊ အိန္ဒိယ နဲ့ မိတ်ဖက် ဆက်ဆံရေကိုသာ လိုလားကြောင်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version