THN Public Media Blog သတင်း နိုင်ငံရေး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲ ဦးမင်းအောင်လှိုင် တက်ရောက်
နိုင်ငံရေး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲ ဦးမင်းအောင်လှိုင် တက်ရောက်

မေလ ၃၁ – ၂၀၂၆

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ဦးမင်းအောင်လှိုင် ဟာ ဒီကနေ့ မနက်ပိုင်းက နယူးဒေလီမြိုရှိ Taj Mahal ဟိုတယ်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲကို တက် ရောက်ခဲ့ကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

‎ဒီဆွေးနွေးပွဲကို မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ အခြေစိုက် ကုမ္ပဏီတွေ က တာဝန်ရှိသူတွေ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဖေါ်ပြထား ပါတယ်။

ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားပြီး တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ဦးမင်းအောင်လှိုင်ကို သမ္မတ အဖြစ် အသိအမှတ်ပြုပြီး ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က အိန္ဒိယကို လာဖို့ အခုလို ဖိတ်ကြားချက် အပေါ် မြန်မာ့အရေး ဆောင်ရွက်သူတွေ တော်လှန်ရေး အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version