မေလ ၃၁ – ၂၀၂၆
TNLA တအာင်းအဖွဲ့ ထိန်းချုပ် နယ်မြေဖြစ်တဲ့ နမ့်ခမ်းမြို့နယ် ကောင်တပ်ကျေးရွာအနီး ယမ်းသိုလှောင် အလုပ်ရုံမှာ ပေါက်ကွဲလို့ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၇၀ ကျော် ဒဏ်ရာ ရရှိ သွားကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ဒီယမ်းသိုလှောင်ရုံဟာ ရွာထဲမှာ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဘာကြောင့်အခုလို ဖြစ်ပွားရတယ်ဆိုတာ မသိရသေးပေမယ့် TNLA ဘက်ကတော့ ပေါက်ကွဲရတဲ့ အကြောင်းအရင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ တခြားဆက်စပ်အချက်အလက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူ တွေကနေ စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးပါက ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီအတွက် မိဘပြည်သူတွေ အနေနဲ့ မလိုအပ်ဘဲ စိုးရိမ် ထိတ်လန့်မှုတွေ မဖြစ်စေဖို့ လူမှုကွန်ရက် ပေါ်က အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို မျှဝေ တာတွေ မလုပ်ဖို့ အသိ ပေးထားပါတယ်။
—————————
THN Public Media
