မတ်လ ၂၀ – ၂၀၂၆
မန္တလေးတိုင်း မတ္တရာအခြေပြု လိုကယ် အဖွဲ့ဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ဟာ NUG MOD အောက် PDF အဖြစ် ဝင်ရောက် လာကြောင်း NUG MOD က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
မတ္တရာမျိုးမှန်တပ်ဖွဲ့ ဟာ ရှမ်းမန်း စစ်ဆင်ရေး မှာ ပါဝင်ခဲ့သလို ပကဖ တွေနဲ့လည်း အတူလက်တွဲ တိုက်ပွဲဝင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
တကယ်လို့ PDF ကွပ်ကဲမှုအောက် ကနေ ဆောင်ရွက်မယ် ဆိုရင် တော်လှန်ရေး အတွက် ပိုအကျိုးပြုနိုင်မယ်လို့ ဖိတ်ခေါ်ခဲ့ရာ မတ္တရာမျိုးမှန် တပ်ဖွဲ့ ခေါင်းဆောင်တွေက လက်ခံ သဘောတူခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
အခုဆိုရင် မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ အခုအခါ PDF ဆင့်ကဲကွပ်ကဲမှုမှာ ပါဝင်ပြီး တော်လှန် တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန် ထားပါတယ်။
—————————
THN Public Media
–
