THN Public Media Blog သတင်း နိုင်ငံတကာ မိုချ်တာဘာ ခါမေနီ ကို အီရန်ခေါင်းဆောင်သစ် အဖြစ် အတည်ပြု ကြေညာ
နိုင်ငံတကာ

မိုချ်တာဘာ ခါမေနီ ကို အီရန်ခေါင်းဆောင်သစ် အဖြစ် အတည်ပြု ကြေညာ

မတ်လ ၉ – ၂၀၂၆

အီရန်နိုင်ငံပိုင် ရုပ်သံကနေ မိုချ်တာဘာ ခါမေနီ Mojtaba Khamenei ကို အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ် အဖြစ် အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

အီရန်ပညာရှင်များအဖွဲ့ Assembly of Experts ရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံတင်ဆက်သူက အောက်ပါအတိုင်း ဖတ်ကြားခဲ့ပါတယ်။

“စစ်ပွဲ ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရန်သူတွေက ဒီအဖွဲ့ အစည်း အပေါ် တိုက်ရိုက် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အချိန်၊ ဒါ့အပြင် ပညာရှင်များအဖွဲ့ အတွင်းရေးမှူးရုံး ဗုံးကြဲခံရမှုကြောင့် အဖွဲ့ဝင် တချို့နဲ့ လုံခြုံရေး ဝန်ထမ်း တွေ ကျဆုံးခဲ့ရတဲ့ ကြားကပဲ အစ္စလာမ်မစ်စနစ် ရဲ့ ခေါင်းဆောင်မှုကို ရွေးချယ် တင်မြှောက်တဲ့ လုပ်ငန်းစဉ်ဟာ တခဏ မှ ရပ်တန့်သွားခြင်း မရှိခဲ့ပါ။”

အဲဒီနောက် ရုပ်သံတင်ဆက်သူက “Allahu Akbar, Allahu Akbar ဆိုပြီး ခါမေနီ ခေါင်းဆောင်ဖြစ်ပြီ’’ လို့ အော်ကာ ကြေညာသွားပါတယ်။

အမေရိကန် နဲ့ အစ္စ‌ရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အာယာတိုလာ ခါမေနီ ရဲ့ သားဖြစ်သူ မိုချ်တာဘာ ခါမေနီ ဟာ ဖခင် နေရာမှာ အမြင့်ဆုံးခေါင်းဆောင်အဖြစ် ဆက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာယာတိုလာ ခါမေနီ ရဲ့ ဒုတိယသားကြီး ဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် မိုချ်တာဘာ ခါမေနီဟာ အရင်ကတည်းက သူ့ဖခင်ရဲ့ နောက်ကွယ် ကနေ သြဇာ အာဏာ ကြီးမားတဲ့သူ တဦးအဖြစ် လူသိများခဲ့ပါတယ်။

အခုလို စစ်ပွဲကာလအတွင်းမှာ သားဖြစ်သူကပဲ အာဏာကို ဆက်ခံ လိုက်တာဟာ အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားတာလည်း ဖြစ်နိုင် ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version