THN Public Media Blog သတင်း War မိုးကုတ်ကနေ TNLA ဆုတ်ခွာနေပေမယ့် PDF တွေ ဆက်ရှိနေမှာ ဖြစ်လို့ မြို့ခံ အချို့ ကြိုတင်စစ်ရှောင်
War

မိုးကုတ်ကနေ TNLA ဆုတ်ခွာနေပေမယ့် PDF တွေ ဆက်ရှိနေမှာ ဖြစ်လို့ မြို့ခံ အချို့ ကြိုတင်စစ်ရှောင်

အောက်တိုဘာ ၃၁ – ၂၀၂၅

တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်တပ်နဲ့ TNLA အကြား အပစ်ရပ်ရေး သဘောတူညီချက် အရ TNLA က မိုးကုတ်မြို့ကို ပြန်ပေးဖို့ သဘောတူညီ လိုက်ပေမယ့် လက်ရှိ မိုးကုတ်မြို့မှာ ရှိနေတဲ့ PDF တွေကတော့ မြို့ကနေ မဆုတ်ခွာဘဲ စစ်တပ်ကို ပြန်လည် ခုခံ တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် မိုးကုတ်မြို့ခံတွေကတော့ တကျော့ပြန်တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ပွဲဒဏ်ကို ဒေသခံတွေ ထပ်မံခံစား ရမယ့်အပေါ် စိုးရိမ်နေကြတဲ့ အတွက် မြို့ခံ တချို့ကတော့ ကြိုတင်ပြီး စစ်ဘေးရှောင်မှုတွေ ရှိလာ နေတယ်လို့သိ ရပါတယ်။

” စိတ်ပူတာပေါ့။ ခံချရင် မိုးကုတ်က ကြေသွားနိုင်တယ် ။ ပြန်၀င်လာပြန် ရင်လဲ စစ်မှုထမ်းကို ကြောက်နေကြရတယ် ။ ပြည်သူလူထု တွေကတော့ ဘယ်သူထောက်ခံတယ် မထောက်ခံဘူး မရှိပါဘူး။ အေးအေး ဆေးဆေးနဲ့ ငြိမ်းချမ်းမှုကိုဘဲ လိုချင်တာ။ ဘယ်လိုကြည့်ကြည့် ပြည်သူက အခံဘက်က မြေစာပင် ဖြစ်ရတယ် ။ကျွန်တော်လဲ အခု ရှောင်ပြီ။ မိသားစုလည်း စစ်ရှောင်ပါပြီ။ “လို့ မြို့ခံက ပြောပါတယ်။

နောက်ထပ် မြို့ခံတဦးကလည်း

” TNLA ကနောက်လ ၂၉ ရက်နေ့ အပြီး ထွက်ရမယ်လို့တော့ပြောနေ တယ်။ အခု မြေပြင်အခြေအနေက ရှုပ်ယှက်တော့ ခပ်နေတယ်။ ဘယ်လိုဖြစ်နေ လဲဆိုတော့ မြို့ပြင်ထွက်သူတွေက ထွက်ကုန်ကြပြီ။ ဒီမှာ ဘယ်လိုမှ မထွက်ဘူး ပုံစံမျိုးနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေက ခံချမယ်ဆိုတာ မျိုးလုပ် နေတော့ မြေပြင်အနေအထားက နည်းနည်း ရှုပ်ထွေးနေ သလို တော့ ဖြစ်နေတာပေါ့။ ကျန်တာတော့ သေချာမသိပါဘူး။ မြင်ရတဲ့ အခြေ အနေကို ပြောပြတာပါ။ ” လို့ မြို့ခံတယောက်က လက်ရှိ မိုးကုတ် အခြေ အနေကို ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က မန္တလေး – မိုးကုတ်လမ်းပေါ်ရှိ မတ္တရာမြို့ ၊ သပိတ်ကျင်းမြို့မှ ဖော့တောလမ်းဆုံ အထိ ထိန်းချုပ်ထားပြီး မိုးကုတ် နဲ့ မိုးမိတ်ကိုသာ ထပ်မံ ထိန်းချုပ်နိုင်ပါက PDF တွေ အတွက် ထွက်ပေါက် ပိတ်တဲ့ အခြေအနေမျိုး ရင်ဆိုင်ရမှာဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။

” အခု တပ်က မတ္တရာဘက် ကနေလည်း စစ်ကြောင်းဆင်းနေပြီ။ သပိတ်ကျင်း ကနေ ဖော့တော့ထိလည်း နေရာယူထားတယ်။ PDF တွေက အဲဒီကြားထဲက နေရာလောက်ပဲ စိုးမိုးမှုရှိနေတာတွေ့ရတယ်။အဲဒီတော့ မိုးကုတ်ကိုသာ တပ်က ပြန်ရသွားရင် PDF တွေ ကြားညပ်သွားပြီ ။မိုးကုတ်ကို ပြန်ပေးလိုက်ရရင် တပ်က မိုးကုတ် ကနေပါ ဆင်းလာပြီး PDF တွေကို ညှပ်တိုက်မယ့် သဘော ရှိလာနိုင်တယ်။ ထွက်ပေါက်ပိတ် ပြီ။ ကြားထဲက ပြည်သူတွေလည်း စစ်ပွဲကြား ပိတ်မိပြီး ဒုက္ခပိုရောက်ဖို့ များတယ်။ ဒီတော့ PDF တွေဘက်က မိုးကုတ်ကို ကာကွယ်ဖို့ အင်အား ဖြန့်ကျက် အလုံလောက်ရှိဖို့လိုတယ်။ ကျွန်တော့အမြင်တော့ ခုခံဖို့က သိပ်တော့မလွယ်ဘူး။ EAO တွေကလည်း ရှောင်သွားပြီဆိုတော့လေ ။ ” လို့ စစ်ရေး သတင်းလေ့လာ သုံးသပ်သူတယောက်က ပြောပါတယ် ။

မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပြီး၊ သိမ်းပိုက်ပြီး တနှစ်ကျော် အကြာမှာ TNLA က မြို့ကနေ တပ်ပြန်ဆုတ် နေတာဖြစ်ပါတယ်။

မိုးကုတ်မြို့ကို TNLA ထိန်းချုပ်ထားတဲ့ တနှစ်ကျော် ကာလအတွင်းမှာ လေကြောင်းကနေ ဗုံးကြံ တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် လူသေဆုံးမှု အများအပြားရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ နဲ့ နေအိမ် အဆောက်အဦ ၊ ဘာသာရေး အဆောက်အအုံ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။

Ref: VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version