THN Public Media Blog သတင်း War မိုးကုတ်ကို စရဖတွေ ဝင်လာနေပြီး PDF တွေ မြို့ပြင်ဆုတ်ထားရ
War

မိုးကုတ်ကို စရဖတွေ ဝင်လာနေပြီး PDF တွေ မြို့ပြင်ဆုတ်ထားရ

နိုဝင်ဘာ ၂၆ – ၂၀၂၅

TNLA တအာင်းအဖွဲ့ နဲ့ စစ်တပ်အကြား သဘောတူထားတဲ့ အတိုင်း TNLA တပ်ဖွဲ့တွေဟာ မိုးကုတ် ကနေ ပြန်ဆုတ်ခွာနေပြီ ဖြစ်ပြီး စစ်တပ်ဘက်က စရဖ တွေဟာ လည်း မိုးကုတ်ထဲ ဝင်ရောက်နေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီလကုန် အပြီး ဆုတ်ခွာပေးရမှာ ဖြစ်လို့ TNLA ဘက်က တာဝန်ရှိသူတွေ လည်း မိုးကုတ်မှာ လွှဲပြောင်းပေးဖို့ ရှိနေတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အောက်တိုဘာလ ကုန် ဆွေးနွေးပွဲမှာ TNLA အနေနဲ့ မိုးကုတ် မိုးမိတ် ကနေ ဆုတ်ခွာပေး ရမှာ ဖြစ်ပေမယ့် မိုးကုတ် မိုးမိတ် မြို့သိမ်းတိုက်ပွဲ တုန်းက ပါဝင်ခဲ့တဲ့ PDF တွေ ကတော့ သူတို့ အနေနဲ့ ဒီမြို့တွေကနေ ဆုတ်ခွာ ပေးမှာ မဟုတ်ဘူးလို့ အစပိုင်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ PDF တွေလည်း မိုးကုတ် မြို့ပြင်ဘက် ကို ဆုတ်ခွာပေးနေရတယ်လို့ ဆိုပါတယ်။

TNLA က စစ်တပ်နဲ့ ဆွေးနွေး သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး PDF တွေနဲ့ ဆွေးနွေးတာမျိုး မရှိခဲ့သလို တင်ကြို ညှိနှိုင်း တိုင်ပင်တာလည်း မရှိဘူးဆို တဲ့ သတင်းတွေ ထွက်ခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုးကုတ်ကနေ ပြန်ဆုတ်ရမှာ ဖြစ်တဲ့ အတွက် PDF တွေနဲ့ တွေ့ဆုံပြီး တိုက်ခိုက်မှုတွေ မလုပ်ဖို့ ပြောကြားတာတွေ ရှိတယ်လို့ ဆိုပါ တယ်။

TNLA က စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲလိုက်ပြီး အပစ်ရပ်သဘောတူညီချက် အရ မိုးကုတ်နဲ့ မိုးမိတ် မြို့တို့ကို စစ်တပ်လက် ပြန်အပ်ရမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့ သတင်း ထုတ်ပြန်ပြီး ကတည်းက ဘာမှ ထပ်မံ ပြောဆိုတာမျိုး မရှိ‌တော့ပါ။

အခု မိုးကုတ်က ဆုတ်ခွာမယ့် အစီအစဥ် နဲ့ ပတ်သက်ပြီးလည်း ဘာမှ သဘောထား ထုတ်ပြန်တာမရှိပါ။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ PDF ပူးပေါင်း တပ်တွေက တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပြီး၊ သိမ်းပိုက်ပြီး တနှစ်ကျော် အကြာမှာ ဆွေးနွေး သဘောတူညီချက်အရ TNLA က မြို့ကနေ တပ်ပြန် ဆုတ်ခွာ နေတာဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version