‘’စိတ်ကောက်ပြီး ထွက်မယ်ဆိုရင် သူ့အနေနဲ့ ထွက်ပိုင်ခွင့်ရှိတယ်… ထွက်လိုက်တဲ့ဟာက… ပိုပြီးတော့ အကျိုးရှိစေမှာထက်….’’
ဒေါက်တာစိုင်းကြည်ဇင်စိုး (နိုင်ငံရေးသုံးသပ်သူ)
ဖိလစ်ပိုင်မှာ ကျင်းပတဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ကို မြန်မာစစ်အုပ်စု အသွင်းပြောင်း အစိုးရသစ် ခေါင်းဆောင်တွေကို တက်ခွင့် မပေးသလို မြန်မာစစ်တပ် ကျင်းပခဲ့ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်ထွန်းလာမှုအပေါ် အသိအမှတ်ပြုရာ မရောက်တဲ့အတွက် မြန်မာ အစိုးရသစ်က ပြင်းပြင်းထန်ထန် တုန့်ပြန်တဲ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
အခုလို အခြေအနေမှာ စစ်တပ်ထောက်ခံသူတွေကလည်း အာဆီယံကနေ ထွက်ဖို့ ဆော်သြမှုတွေ ရှိနေကြပါတယ်။
ဒီတော့ အခု ဦးမင်းအောင်လှိုင် သမ္မတ အဖြစ် ဦးဆောင်တဲ့ အသွင်ပြောင်း အစိုးရဟာ အာဆီယံက ထွက်ဖို့ ဖို့ ရှိလာမလား…
ဒီနေရာမှာ NUG က အစားထိုးဝင်လာနိုင်မလား ဆိုတာ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media

