THN Public Media Blog သတင်း နိုင်ငံတကာ မြန်မာနိုင်ငံက ရက်စက်တဲ့ အုပ်ချုပ်မှုကို ပြောင်းလဲပစ်ဖို့ အခွင့်အလမ်း ရှာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြာ
နိုင်ငံတကာ

မြန်မာနိုင်ငံက ရက်စက်တဲ့ အုပ်ချုပ်မှုကို ပြောင်းလဲပစ်ဖို့ အခွင့်အလမ်း ရှာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြာ

ဇွန် ၅ – ၂၀၂၆

အမေရိကန် ဆီးနိတ် အထက်လွှတ်တော် ကြားနာမှု တခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရက်စက် ကြမ်းကြုတ် တဲ့ အုပ်ချုပ်မှုကို ပြောင်းလဲပစ်ဖို့ အတွက် အခွင့်အလမ်း ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့က ကြားနားပွဲ ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ဘတ်ဂျက် တောင်းခံထားတဲ့ အပေါ် ဆီးနိတ် အမတ်တွေ က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေ အတွင်း အခုလို ဖြေကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဆီးနိတ်အမတ် Mitch_McConnell က မာကိုရူဘီယို ကို အခုလို မေးမြန်းခဲ့ပါတယ်။

‘’နောက်ထပ်ကိစ္စတစ်ခုကတော့ ဝန်ကြီးတို့ဘက်က သိပ်ပြီးအာရုံမစိုက်မိ လောက်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ပေမဲ့ ကျွန်တော်ကတော့ ဒါကို စိတ်ဝင်စား နေခဲ့တာ တော်တော်လေး ကြာပါပြီ၊ ဒါကို ဘယ်လိုမျိုး ပြောင်းလဲအောင် လုပ်ရမလဲ ဆိုတာလည်း အဖြေရှာလို့ မရသေးပါဘူး၊ အဲဒါကတော့ ဗမာပြည် ရဲ့ ဒီမိုကရေစီ အရေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရသုံးမှန်းခြေငွေစာရင်း ကြားနာပွဲတုန်းကလည်း ဗမာပြည်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို တုံ့ပြန်ဖို့ အစိုးရ အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဝန်ကြီးကို မေးခဲ့ဖူးပါတယ်။ အခု တနှစ်ကြာသွားတဲ့ အထိ ဒါနဲ့ ပတ်သက်လို့ စည်းစနစ်ကျတဲ့ မဟာဗျူဟာမျိုး ရှိနေတာကို ကျွန်တော် မတွေ့ရသေးပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ဗမာပြည်အက် ဥပဒေ Burma Act ကို အကောင်အထည်ဖော်ဖို့ ရန်ပုံငွေတွေ သုံးစွဲရမယ့် တာဝန်ကို ထပ်ခါ တလဲလဲ ငြင်းပယ်ခဲ့သလို၊ တရုတ်ကျောထောက်နောက်ခံပြု စစ်ကောင်စီ အပေါ်ထားတဲ့ မူဝါဒကိုလည်း ပျော့ပျောင်းအောင် လုပ်ခဲ့ပါတယ်။

ဒါကြောင့် ဝန်ကြီးခင်ဗျာ… ဟောင်ကောင်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှား သူတွေ တိုက်ခိုက်ခံရတုန်းက ဝန်ကြီးတို့အနေနဲ့ မူဝါဒပိုင်းအရရော၊ ဒီမိုကရေစီရဲ့ မိတ်ဆွေတွေဟာ အမေရိကန်ရဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတဲ့ အချက်ကြောင့်ပါ သူတို့ဘက်က ရပ်တည်ပေးခဲ့ပါတယ်။

အဲဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ဗမာပြည်ကို တရုတ် ကျောထောက်နောက်ခံပြု စစ်ကောင်စီက အုပ်ချုပ်တာကို ပိုသဘော ကျလား၊ ဒါမှမဟုတ် တရားဝင်ရွေးကောက်ခံ အရပ်သား ခေါင်းဆောင် တွေ အုပ်ချုပ်တာကို ပိုသဘောကျလားဆိုတဲ့ ရွေးချယ်မှု သဘောထားမျိုး ရှိပါသလား။ ဒါမှမဟုတ် ဗမာပြည်အပေါ်ထားတဲ့ မူဝါဒက တန်ဖိုးထားမှု တွေနဲ့ တည်ငြိမ်တဲ့ ရလဒ်တွေ အပေါ်မှာ ဘာမှ အလေးမထားတဲ့ ပုံစံမျိုး ဖြစ်နေတာလားခင်ဗျာ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို #ရူဘီယို ဖြေကြားချက်

————————————————–

ကျွန်တော်တို့ရဲ့ မူဝါဒတွေက ကမ္ဘာ့ဘယ်နေရာမှာမဆို ဘာမှ အလေးမထားဘဲ နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ရွေးချယ်ခွင့်နဲ့ သဘောထား သာရှိမယ်ဆိုရင် အမေရိကန်အပေါ် ရန်လိုပြီး နိုင်ငံခြား အာဏာစက်တစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အစိုးရမျိုး ထက်စာရင်၊ အမေရိကန်နဲ့ ရင်းနှီးပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ထားရတဲ့ အစိုးရမျိုးနဲ့ပဲ လက်တွဲလုပ်ဆောင်ဖို့ ပိုပြီး အပြတ်အသတ် သဘောကျတာပေါ့ဗျာ။

ဗမာပြည်ရဲ့ စိန်ခေါ်မှုကတော့ ထင်ရှားပါတယ်၊ အဲဒါက တရုတ်အစိုးရဟာ အဲဒီက စနစ်တစ်ခုလုံး အပေါ် အလွန်ကြီးမားတဲ့ လွှမ်းမိုးချုပ်ကိုင်မှု ရှိနေတာပါ။ ကျွန်တော်တို့ အနေနဲ့ ဗမာပြည်တွင်းက အစုအဖွဲ့တွေနဲ့ အနည်းဆုံးတော့ ဆက်ဆံရေးတခု ရှိနေနိုင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေ ကို ရှာဖွေခဲ့ကြသလို ဆက်ပြီးတော့လည်း ရှာဖွေနေပါတယ်။

ဒါပေမဲ့ ဒါက ဖြေရှင်းရ တကယ်ခက်ခဲတဲ့ ကိစ္စတခု ဖြစ်နေပါတယ်၊ ဘာလို့လဲဆိုတော့ လက်ရှိ အာဏာယူထားတဲ့ သူတွေက အုပ်ချုပ်ပုံ အလွန်ရက်စက် ကြမ်းကြုတ်သလို၊ သူတို့ အပေါ် တရုတ်ရဲ့ လွှမ်းမိုး ချုပ်ကိုင်မှု အင်အား ကလည်း တရစပ် ရှိနေလို့ပါပဲ။

ဒါကြောင့် အဲဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဆက်ပြီး ရှာဖွေနေပါတယ်၊ ဒါက ခြေလှမ်းအသေးလေးတွေ ဖြစ်နိုင်သလို ခြေလှမ်းအကြီးကြီးတွေလည်း ဖြစ်သွားနိုင်ပါတယ်။ သမိုင်းက ဘယ်အချိန်မှာ ထူးခြားတဲ့ အလှည့်အပြောင်းနဲ့ အခွင့်အရေးမျိုး ပေးလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အခြေခံကျ တဲ့ မေးခွန်းကို ပြောရရင်တော့… ဟုတ်ပါတယ်၊ အကောင်းဆုံးကတော့… ဒါနဲ့ စကားမစပ်၊ ဒီမိုကရေစီနိုင်ငံတွေနဲ့ လက်တွဲရတာလည်း အမြဲတမ်း မလွယ်ကူလှပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က အစိုးရတွေ ခဏခဏ ပြောင်းလဲတတ်ပြီး တခါတလေ ရွေးကောက်ခံရတဲ့သူက တခြားသူတွေ ထက် ကျွန်တော်တို့ အပေါ် ရင်းနှီးမှု နည်းနည်း အားနည်းတာမျိုး ရှိတတ် လို့ပါ။

ဒါပေမဲ့ ရေရှည်မှာတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရတွေနဲ့ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ပိုပြီးတော့ တည်ငြိမ်မှုရှိသလို ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက်လည်း ပိုပြီး ဖြစ်ထွန်းစေတယ်ဆိုတာကို တွေ့ရှိရပါတယ်။

အချို့ကိစ္စတွေမှာတော့ စိတ်မကောင်းစရာပဲ၊ အဲဒီလို ရွေးချယ်ခွင့်မျိုး မရတတ်ပါဘူး။ ဗမာပြည်က ဒီမိုကရေစီ မဖော်ဆောင်နိုင် ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ… ဗမာပြည်မှာ အပြောင်းအလဲ တခု ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ အနည်းဆုံးတော့ ဆက်ဆံရေးတခုခု ရရှိဖို့၊ ပြီးတော့ သူတို့ကို အပြောင်းအလဲ ဖန်တီးနိုင်မယ့် အခွင့်အရေးမျိုး ပေးနိုင်ဖို့အတွက် ဖန်တီးမှုရှိပြီး ဆန်းသစ်တဲ့ နည်းလမ်း တွေကို ကျွန်တော်တို့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ပဲ ပြောချင် ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version