THN Public Media Blog သတင်း နိုင်ငံတကာ မြန်မာနဲ့ အရှေ့တောင်အာရှ အပါအဝင် ထရမ့်ရဲ့ တကမ္ဘာလုံး သွင်းကုန် အခွန်စည်းကြပ်ခဲ့မှု တရားရုံးချုပ် ပယ်ချ၊ ထရမ့်က ၁၀ ရာခိုင်နှုန်း အခွန်သစ် ထပ်မံ သတ်မှတ်
နိုင်ငံတကာ

မြန်မာနဲ့ အရှေ့တောင်အာရှ အပါအဝင် ထရမ့်ရဲ့ တကမ္ဘာလုံး သွင်းကုန် အခွန်စည်းကြပ်ခဲ့မှု တရားရုံးချုပ် ပယ်ချ၊ ထရမ့်က ၁၀ ရာခိုင်နှုန်း အခွန်သစ် ထပ်မံ သတ်မှတ်

WASHINGTON, DC - APRIL 02: U.S. President Donald Trump speaks during a ?Make America Wealthy Again? trade announcement event in the Rose Garden at the White House on April 2, 2025 in Washington, DC. Touting the event as ?Liberation Day?, Trump announced additional tariffs targeting goods imported to the U.S. (Photo by Chip Somodevilla/Getty Images

ဖေဖေါ်ဝါရီ ၂၁ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ ကမ္ဘာလုံး ဆိုင်ရာ သွင်းကုန် စည်းကြပ်မှုတွေကို အမေရိကန် တရားရုံးချုပ်က ပယ်ဖျက် ကြောင်း အမိန့် ချမှတ်လိုက်ပြီးနောက် ထရမ့်က အဲဒီ ပယ်ဖျက်လိုက်မှု အတွက် အစားထိုးဖို့ ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန် အသစ် ၁၀ ရာခိုင်နှုန်းကို ထပ်မံ သတ်မှတ်လိုက်ပါတယ်။

အခုလို ကမ္ဘာလုံးဆိုင်ရာ အခွန်နဲ့ ပတ်သက်တဲ့ ပယ်ချက် ချမှတ် မှုတွေဟာ မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေ အတွက်ပါ အကျူံးဝင် ကြောင်း သိရပါတယ်။

ထရမ့်က တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဆိုးဝါးလွန်း တယ်လို့ ပြောဆို လိုက်ပြီး တရားသူကြီးတွေ မိုက်မဲသူတွေလို့ ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။

တရားရုံးချုပ် တရားသူကြီး (၆) ဦးက ထောက်ခံပြီး (၃) ဦးက ကန့်ကွက်တဲ့ ဆုံးဖြတ်ချက် အရ သမ္မတထရမ့်ဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန် ဆောင်ရွက် ခဲ့တယ်လို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အခွန်စည်းကြပ်မှုကို ဝေဖန်ခဲ့တဲ့ လုပ်ငန်းရှင်တွေနဲ့ အမေရိကန် ပြည်နယ်တွေ ကြီးမားတဲ့ အောင်ပွဲတခုဖြစ်ကာ ဒေါ်လာ ဘီလီယံချီ အခွန်ငွေတွေ ပြန်ရနိုင်မယ့် လမ်းစဖြစ်ပါတယ်။

ထရမ့်က အိမ်ဖြူတော်မှာ ပြောကြားရာမှာတော့ အခွန်ငွေပြန်အမ်းငွေကို ဥပဒေကြောင်းအရ တိုက်ယူမှု မရှိဘဲနဲ့ ရမှာ မဟုတ်ကြောင်းနဲ့ ဒီကိစ္စဟာ နှစ်ပေါင်းများစွာ တရားရင်ဆိုင် ရနိုင်ပြီး ကြန့်ကြာနေလိမ့်မယ်လို့ ဆိုပါတယ်။

သူ့ရဲ့ သွင်းကုန်ခွန် အတွက် တခြား ဥပဒေတွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ နည်းလမ်းတွေရှိပါတယ် – အလွန် ကောင်းတဲ့ နည်းလမ်းတွေပါ၊ အဲဒါကြောင့် ကျွန်တော်တို့ ပိုပြီး တော့တောင် အားကောင်းလာဦးမှာပါ” လို့ ထရမ့်က ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version